Sunday, August 30, 2015

" ပြောင်းပြန် မလုပ်လိုက်ပါနဲ့ "

" ပြောင်းပြန် မလုပ်လိုက်ပါနဲ့ "

ပန်းလေးတွေ မြေခတော့ အလွမ်းကလေး တွေနဲ့ ဆွေးရပြီကွယ်။

စမ်းကလေးတွေ ရေခမ်းတော့
ကမ်းနဘေးဝယ် ဆွေးရပြီကွယ်။

သြဥ ငှက်တွေ သီကာကျူးတော့
နွေဦးဆိုပြီး လွမ်းရပြန်တယ်။

ဖားကလေးတွေ အော်ကာမြူးတော့
မိုး ဦးဆိုပြီး လွမ်းရပြန်တယ်။

မြောက်ပြန်လေတွေ တိုက်ခတ်လေတော့

ဆောင်း ဦးဆိုပြီး လွမ်းရပြန်တယ်။

သြော် အချစ် ရယ် ဒို့ တစ်တွေ ဘယ်သောအခါမှ အလွမ်း ကမ္ဘာနဲ့ ဝေးရ မှာလဲ။

ထာဝရ နီးစပ် ခွင့် ပြုပါ အကြောင်းကံ ရယ်

ဒို့တစ်တွေ ရင်လေးအောင် ပြောင်းပြန် မလုပ်လိုက်ပါနဲ့ နော်။

Post by SOE LINN
30.8.2015,SUN


 


No comments:

Post a Comment