Saturday, August 1, 2015

ရွှေအကြောင်းသိကောင်းစရာ

ရွှအကြောင်းသိကောင်းစရာ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®® ရွှေပဲရည် ၁၆ပဲရည်ဆိုတာက၁၀၀%puregoldပါအခေါက်ရွှေမီးလင်းရွှေလို့လဲခေါ်ပါ တယ်။ ၁၅ပဲရည်ဆိုတာကတော့အခေါက်ရွှေ၁၅ပဲသားနဲ့ ကြေး၁ပဲသား ရောကျိုထားတဲ့ ရွှေပေါ့။ ၁၄ပဲ၂ပြားရည်ဆိုရင်အခေါက်ရွှေ၁၄ပဲ၎ ရွေးနဲ့ ကြေး၁ပဲ၎ ရွေး ရောကျိုထားတဲ့ ရွှေပေါ့။ သချာင်္နည်းနဲ့ပြောရရင် အချိုး(ratio)ပေါ့။ ၁၅ ပဲရည်= အခေါက်ရွှေ ၁၅ပဲး ကြေး ၁ ပဲ ၁၄ ပဲရည်= အခေါက်ရွှေ ၁၄ပဲး ကြေး ၂ ပဲ ၁၃ ပဲရည်= အခေါက်ရွှေ ၁၃ပဲး ကြေး ၃ ပဲ ၁၄ ပဲ ၂ ပြား = အခေါက်ရွှေ ၁၄ပဲ ၄ ရွေးး ကြေး ၁ ပဲ ၄ ရွေး ရွှေတံဆိပ် အသုံးများတဲ့ အခေါက်ရွှေရဲ့ တံဆိပ်(brand) တွေက အကယ်ဒမီနဲ့ ဘသန်းပါပဲ။ ဈေးကွက်မှာ အရောင်းအ၀ယ် အများဆုံးဖြစ်တာကတော့ အကယ်ဒမီတံဆိပ်ပေါ့။ တံဆိပ်ဆိုတာက ရွှေသန့်စင်တဲ့အလုပ်ရုံ(ရွှေလောကမှာတော့ချွတ်ခန်းလို့ခေါ်တယ်)က သူ့ဆီမှာ လာသန့်စင်တဲ့ရွှေကို နှိပ်ပေးလိုက်တဲ့ တံဆိပ်ပါပဲ။ ရွှေတူးဖော်ရေးလုပ်ငန်းက တူးလို့ရလာတဲ့ ရွှေတွေကို အဲဒီချွတ်ခန်းတွေမှာ သွားပြီး သန့်စင်ကြတယ်။ အကယ်ဒမီချွတ်ခန်းမှာ သွားသန့်စင်ရင်အကယ်ဒမီတံဆိပ်နဲ့အခေါက်ရွှေတုံး ရလာတာပေါ့။ အဲဒါကို ဈေးကွက်မှာ ပြန်ရောင်းကြတယ်။ချွတ်ခန်းတွေကလဲသူတို့တံဆိပ်ကို(၂)နှစ်(၃)နှစ်တစ်ခါဒီဇိုင်းပြောင်းတတ်တယ်။အဲလိုပြောင်းလိုက်ရင်ဒီဇိုင်း အဟောင်းက ဈေးငါးရာ တစ်ထောင် လျော့သွားရော။ ရွှေအလေးချိန် နိုင်ငံခြားကထုတ်တဲ့ ရွှေဒင်္ဂါးပြားတွေ ရွှေတုံးတွေကတော့အလေးချိန်တိကျတယ်။ ရွှေတုံးရွှေဒင်္ဂါးပေါ်မှာ အလေးချိန်ကို တစ်ခါတည်း ရိုက်ထားတယ်။ တချို့က( gram ) တချို့က အောင်စ( ounce ) တချို့က( kilo ) တချို့က တိုလာ ( tolar )ချိန်နဲ့ ဒီမှာ ပြန်ချိန်ကြည့်ရင် ၁၀ gram = ၉ပဲ ၅ ရွေး ၁ kilo = ၆၀ကျပ် ၃ ပဲ ၄ ရွေး ၁ ounce = ၁ ကျပ် ၁၄ ပဲ ၁ tolar = ၇ ကျပ် ၂ ရွေး ရွှေဈေး ရွှေဈေးတက် ကျတဲ့ အကြောင်းရင်းတွေမှာ ကမ္ဘာ့ဈေး တက်၊ ကျတာကလဲ ရန်ကုန်မှာ ရွှေ ဈေး တက်၊ ကျဖြစ်စေတဲ့ အကြောင်းထဲမှာ ထိပ်ဆုံးက ပါပါတယ်။ ကမ္ဘာ့ဈေးတက်မယ်ခန့်မှန်းနိုင်ရင်ရန်ကုန်မှာကြိုဝယ်ထားလိုက်ရင် သေချာပေါက် အကျိုးအမြတ် ရနိုင်ပါတယ်။ ကမ္ဘာ့ဈေးတက်မလား ကျမလားဆိုတာကတော့ နိုင်ငံတကာရဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေ တွေကို မျက်ခြေမပြတ် နားစွင့်ထားရပါတယ်။ ကမ္ဘာ့ဈေးတက်စေတဲ့အဓိကအကြောင်းရင်းတွေကတော့စတော့ ဈေးကွက်အခြေအနေမကောင်းတာ၊ ဘဏ်တွေ အခြေအနေမကောင်းတာတွေပေါ့။ အဲဒီအခါလူတွေကစတော့တွေထုတ်ရောင်းပြီး ရွှေဝယ်၊ဘဏ်ကငွေထုတ်ပြီး ရွှေဝယ်နဲ့ ရွှေဈေးတက်တတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံစစ်ဖြစ်ဖို့အခြေအနေတင်းမာနေရင်လဲ ရွှေဈေးတက်တတ်ပါတယ်။ကမ္ဘာ့ဘဏ်ရဲ့ ပေါ်လစီအပြောင်းအလဲအမေရိကန်ရဲ့ ပေါ်လစီအပြောင်းအလဲတွေကလဲ ရွှေဈေးကို အများကြီး ပြောင်းစေပါတယ်။ ဥပမာ-ဘဏ်တိုးနှုန်းတွေ လျှော့လိုက်ရင်လူတွေကဘဏ်ကငွေထုတ်ပြီး ရွှေဝယ်ကြတော့ ရွှေဈေးတက် တာပေါ့။ I live in myanmar. He lives in myanmar. (၂၀၁၄ခုနှစ်၊ စက်တင်လဘာလထုတ် Myanmar Banking & Finance မဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၄) (၅) (၆)မှ ကောက်နှုတ်ဖော်ပြပါသည်။) ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®® ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

No comments:

Post a Comment