Monday, September 7, 2015

ခြင်ဆေးခွေ ကို စနစ်တကျ သုံးစွဲနည်း

ခြင်ဆေးခွေကို သုံးရင် အသက်ရှူ လမ်းကြောင်းမှာ အန္တရာယ် ရှိတယ် ဆိုပေမယ့် အခုချိန်မှာ ခြင်ကြောင့် ဖြစ်ပွားနေတဲ့ ရောဂါတွေက လူတွေကို အမျိုးမျိုး ဒုက္ခ ပေးနေတော့ မဖြစ်မနေ သုံးစွဲနေရတဲ့ သူတွေ က အရမ်းကို များပြားနေပါတယ် ။
အဲဒီလို မဖြစ်မနေ သုံးစွဲ နေရတဲ့ သူတွေအတွက် အခြားသော မလိုလားအပ်တဲ့ ပြဿနာ တွေ (ကလေးတွေရဲ့ အန္တရာယ်၊ မီးဘေးအန္တရာယ်၊ခြင်ဆေး ပြာ တွေရဲ့ အန္တရာယ်) စတာတွေကို မဖြစ်ပွားရလေအောင် ဘယ်လို သုံးစွဲ ရင်ကောင်းမလဲဆိုတာကတော့ စဉ်းစား စရာဖြစ်နေပါပြီ။

ဒီနည်းလေး ကတော့ အဆင်ပြေလွန်းလို့ တင်ပေးလိုက်ပါတယ်။

ပထမ ဆုံးအနေနဲ့ လေးထောင့် သံ မုန့်ဘူးလေးကို လေဝင်လေထွက် ရအောင် အပေါက်လေး တွေကို မုန့်ဘူးရဲ့ ၄ မျက်နှာ စလုံးရဲ့ အပ်ါပိုင်းတွေ မှာ များများဖောက်ထားပါ။

ဒုတိယအဆင့်အနေနဲ့ ကလေးတွေ လက်လှမ်းမမှီ တဲ့ နေရာမှာ သံချောင်းလေးတွေ ရိုက်ထားလိုက်ပါ။

မိမိထားချင်တဲ့ နေရာလေးတွေမှာ သံချောင်းလေးတွေရိုက်ထားလိုက်ပါ။

နောက်မှာ သံ မုန့်ဘူးလေးထဲ ကို ခြင်ဆေး ခွေအောက်ခံခွက်လေးကို နည်းနည်းလေးခေါက်ပြီးထည့်ထားလိုက်ပါ။
အတည့်ထည့်ရင် မဝင်နိုင်လို့ပါ။

မီးညှိ့ ပြီးသားခြင်ဆေးခွေကို သံ မုန့်ဘူးထဲကို ထည့်လိုက်ပါ။

ပြီးရင် မိမိထားချင်တဲ့ နေရာ( သံရိုက်ပြီးသားနေရာ) ကို သွားပြီး ချိတ်လိုက်ပါ။

OK FINISH.