Sunday, August 30, 2015

" ပြောင်းပြန် မလုပ်လိုက်ပါနဲ့ "

" ပြောင်းပြန် မလုပ်လိုက်ပါနဲ့ "

ပန်းလေးတွေ မြေခတော့ အလွမ်းကလေး တွေနဲ့ ဆွေးရပြီကွယ်။

စမ်းကလေးတွေ ရေခမ်းတော့
ကမ်းနဘေးဝယ် ဆွေးရပြီကွယ်။

သြဥ ငှက်တွေ သီကာကျူးတော့
နွေဦးဆိုပြီး လွမ်းရပြန်တယ်။

ဖားကလေးတွေ အော်ကာမြူးတော့
မိုး ဦးဆိုပြီး လွမ်းရပြန်တယ်။

မြောက်ပြန်လေတွေ တိုက်ခတ်လေတော့

ဆောင်း ဦးဆိုပြီး လွမ်းရပြန်တယ်။

သြော် အချစ် ရယ် ဒို့ တစ်တွေ ဘယ်သောအခါမှ အလွမ်း ကမ္ဘာနဲ့ ဝေးရ မှာလဲ။

ထာဝရ နီးစပ် ခွင့် ပြုပါ အကြောင်းကံ ရယ်

ဒို့တစ်တွေ ရင်လေးအောင် ပြောင်းပြန် မလုပ်လိုက်ပါနဲ့ နော်။

Post by SOE LINN
30.8.2015,SUN


 


Saturday, August 29, 2015

နိုင်ငံ အနာဂါတ် ကောင်းကျိုး ကို လိုလားစွာဖြင့် ရေးသားလိုက်ပါတယ်။

ဗေဒင်ဆရာကြီး စံဇာဏီဘို ပြောတာကတော့ အရင်ခေတ်အနေနဲ့ အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး ဤ ၃မျိုး နောင်ပြင်အလွန်ခက် ဆိုတာထက် ဒီဘက်ခေတ် အနေနဲ့ ပြောရမယ် ဆိုရင် ရွေးကောက်ပွဲ ရောတောင်မှ ထည့်သင့်တယ်တဲ့။

နောက်ထပ်ပြောတာ ကတော့ နိုဝင်ဘာ ၈ ရက်နေ့ က ရက်ကောင်းတဲ့ အထဲမှာ မပါ ပါဘူးတဲ့။

နံနက် ၁၀:၃၀ ကနေ နံနက် ၁၂:၀၀ အထိ တစ်ကြိမ်။
ည ၉:၀၀ ကနေ ည ၁၀:၃၀ အထိ တစ်ကြိမ် ။
မကောင်းဘူးလို့ ပြောသွားပါတယ်။

မြန်မာ နိုင်ငံ ရဲ့ အနောက်တောင် အရပ်နဲ့ မြောက်ဘက် အရပ်တွေ ကနေ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်ပါတယ်တဲ့။

သူ က ဗေဒင် အမြင်နဲ့ ပြောတာဖြစ်ပါတယ် ။

ကျွန်တော်တို့ က အဆင်ပြေပါစေ ဘေးရန်ကင်းပါစေ လို့ ဆုတောင်းနေ ရမှာပေါ့။

အဲဒီနေ့ က(8.11.2015) ကျွန်တော် တို့ နိုင်ငံ ရဲ့ အနာဂါတ်ကို အကောင်းဆုံးဖြစ်အောင် လျှောက်လှမ်းဖို့ အစပြု တဲ့နေဆိုလည်း မမှားနိုင်ပါဘူး။

ဒါကြောင့် ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ မိမိတို့ တတ်နိုင် သလောက် ရွေးကောက်ပွဲ မှာ အဆင်ပြေ ချောမွေ့အောင် ဝိုင်းဝန်း ကူညီကြပါစို့ ၊ မဲပေးခွင့်ရှိတဲ့ ပြည်သူ အားလုံး မဲပေးကြပါစို့ လို့ နိုင်ငံ အနာဂါတ် ကောင်းကျိုး ကို လိုလားစွာဖြင့် ရေးသားလိုက်ပါတယ်။

Post by SOE LINN
29.8.2015,SAT

Tuesday, August 25, 2015

" ဦးနှောက်ကို သော့ခတ်မထားပါနဲ့ "


နှလုံးသား က တောင်းဆိုတယ်။
ဦးနှောက် က ပယ်ချတယ်။

 ဦးနှောက် က တောင်းဆိုတယ်။
နှလုံးသား က ပယ်ချတယ်။

တဇွတ်ထိုးစိက် က လုပ်ချင်တယ်။
အသိဉာဏ် က တားထားတယ်။

အသိဉာဏ် က လုပ်ချင်တယ်။
ပျင်းတဲ့ စိတ် က တားထားတယ်။

မိမိ က ကြိုးစားချင်တယ်။
မိတ်ဆွေတွေ က ပိတ်ပင်တယ်။

မိတ်ဆွေတွေ က ကြိုးစားစေချင်တယ်။
မိမိကိုယ်တိုင် က ပိတ်ပင်တယ်။

ကိုယ့်ကို ချစ်တဲ့ သူ က လမ်းမှန်ကို ပြတယ်။
ကိုယ့်ကိုယ် မချစ်တဲ့ သူ က လမ်းမှားကိုပြတယ်။

ရွေးချယ်မှု မှန်ကန်ရင် မိမိပဲ စိတ်ချမ်းသာစွာနဲ့ ဘဝ ကို ရပ်တည်နိုင်မယ်။

ရွေးချယ်မှု မှားယွင်းမယ် ဆိုရင် မိမိပဲ စိတ်ဆင်းရဲစွာနဲ့ ဘဝ ကို လျှောက်လှမ်း ရလိမ့်မယ်။

ရွေးချယ်မှု ရဲ့ (အဆိုး )ရလဒ် ကို နှလုံးသား၊ တဇွတ်ထိုးစိက် ၊ ပျင်းတဲ့ စိတ် ၊ မိတ်ဆွေ၊ ကိုယ့်ကိုယ် မချစ်တဲ့ သူ တွေက ဘာမှ မကူညီနိုင်ပါ။

ရွေးချယ်မှု ရဲ့ (အဆိုး )ရလဒ် ကို အသိဉာဏ် နဲ့ ဦးနှောက် ကပဲ ကူညီလမ်းပြ ပြီး အဆိုး ထဲက အကောင်းကို ရှာဖွေ ပေးမှာဖြစ်တယ်။

 ဒါကြောင့် ရွေးချယ်မှုတွေ မှန်ကန်စေဖို့

ဦးနှောက်ကို သော့ခတ်မထားပါနဲ့ လို့------------။

Post by SOE LINN
25.8.2015 ,TUE

Monday, August 24, 2015

Soe news & website ကို ဒေါင်းချင်သူများအတွက်။

ဒေါင်းလုတ် လင့် လေးပါ။

SOE News & Websites ဆိုတဲ့ apk လေးကို update ပြုလုပ်ထားတာပါ။ apkထဲမှာဘာတွေ ပါလဲဆိုရင်

SOE News & Websites ဆိုတဲ့ apk လေးကို update ပြုလုပ်ထားတာပါ။ apkထဲမှာဘာတွေ ပါလဲဆိုရင် မြန်မာ သတင်းများ ပြည်ပ အသံလွင့် သတင်းများ လွှတ်တော်နှင့်နိုင်ငံရေးပါတီများ ဘောလုံးသတင်းများ ဘောလုံး Livescore ကြည့်ရန် အမှတ်ပေးဇယား ရပ်တည်မှု ကျန်းမာရေး သုတ ရသ စာပေ လောကီပညာ မိုဘိုင်းနည်းပညာ များ မိုဘိုင်းအော်ပရေတာ များ လက်ကိုင်ဖုန်း အမျိုးမျိုး အိမ် ခြံမြေ မော်တော်ကား အလုပ်အကိုင် online တွင် အလုပ်ရာရန် website တွေကတော့ Google နိုင်ငံရေးပါတီများအကြောင်း ဝန်ကြီးဌာန များ online အောင်ဘာလေ ထီပေါက်စဉ် ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ရဲ့ အလုပ်ခေါ်စာ စသည့် သတင်းမျိုးစုံ နှင့် website တွေ ကို စုစည်းထားပြီး apk ပြုလုပ်ထားတာပါ။ http://www.mediafire.com/download/9bawp20lgqfi6ri/com_soe_news_websites-9.zip

မဲဆန္ဒ ရှင် ပြည်သူတွေ သိအောင် လို့ ကျွန်တော် သိထားသလောက်လေး ပြောပြလိုက်မယ်နော်

၁။ မဲဆန္ဒ ရှင် ပြည်သူတွေ သိအောင် လို့ ကျွန်တော် သိထားသလောက်လေး ပြောပြလိုက်မယ်နော်။ သမ္မတ ဆိုတာ လူကြီးတစ်ယောက် ဖြစ်တယ်ဆိုတဲ့ အချက်တစ်ခုတည်းမဟုက်ပါ။ အဓိက အနေနဲ့ ပြောရမယ်ဆိုရင် အစိုးရ အဖွဲ့ ကို သူကိုယ်တိုင် ဖွဲ့ စည်းနိုင်ပါတယ်။ ဥပမာ။ ။ ဘယ်သူက ဘယ်ဌာန မှာ ဝန်ကြီးလုပ်လိုက်။ဘယ်သူ့ကို ဘယ်ဌာနကို ရွှေ့ပစ်လိုက် ။ဘယ်သူ့ကို ဖြုတ်ပစ်လိုက်။ ဘယ်သူက ထွက်စာတင်လိုက်။ မင်းကိုယ်တိုင် ထွက်စာမတင်ရင် ငါက ဖြုတ်ပစ် လိုက်မယ်။ အစိုးရ အဖွဲ့ အစည်း ကောင်းမှ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်နိုင်ပါတယ်။ ၂။ သမ္မတ ဆိုတာ မဲဆန္ဒရှင် ပြည်သူတွေကတိုက်ရိုက် မဲပေးလို့ မရပါဘူး။ မဲဆန္ဒရှင်တွေ ရွေးချယ်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ် (ကိုယ်စားလှယ်) တွေက မှ မဲပေးပြီး ဒုတိယ သမ္မတ ကို ရွေးချယ်တာပါ။ ဒုတိယသမ္မတ ၃ယောက် ရွေးချယ်ရပါတယ်။ ပြည်သူ့ လွတ်တော်က ၁ရောက်ရွေးချယ်ရပါတယ်။ အမျိုးသား လွတ်တော်က ၁ရောက်ရွေးချယ်ရပါတယ်။ စစ်တပ် က ၁ရောက်ရွေးချယ်ရပါတယ်။ ၃။ ဒုတိယသမ္မတ ၃ ယောက်ထဲကမှ ၁ ယောက် ကို ပြည်ထောင်စု လွှတ်တော် ( ပြည်သူ့လွှတ်တော်+ အမျိုးသား လွှတ်တော် ) ကနေ သမ္မတ အဖြစ် ရွေးချယ်ရပါတယ်။ ဒါကြောင့် မိမိတို့ က မိမိ နိုင်ငံ ရဲ့ အနာဂတ်ကို လွှတ်တော်ကိုယ်စားလှယ်တွေဆီ ပုံပြီး ပေးလိုက်ရတာပါ။ လွှတ်တော် ကိုယ်စားလှယ် ရွေးချယ်မှု တွေ မှန်ကန်မှုရှိကြပါစေလို့ ------------ သိလို့ရေးတာ မဟုက်ပါ သိစေချင်လို့ ရေးတာပါ။ (အမှားပါရင် သီးခံ၊ခွင့်လွှတ်၊နားလည်ပေးကြပါ။) FB-RSS feed for စိုး လင်း / 49 minutes ago

Tuesday, August 18, 2015

SOE News and Websites ဆိုတဲ့ Android မိုဘိုင်းဖုန်း Application ကို Update ပြုလုပ် မည် ဖြစ်ပါသဖြင့် သတင်း လိပ်စာ များထည့်သွင်းလိုပါက

SOE News and Websites ဆိုတဲ့ Android မိုဘိုင်းဖုန်း Application ကို Update ပြုလုပ် မည် ဖြစ်ပါသဖြင့် သတင်း လိပ်စာ ( ဘလော့ များ/ Facebook Page များ /website Links များ နှင့် အခြားသော မိမိတို့ စိတ်ဝင်စားသော အကြောင်းအရာ ) များထည့်သွင်းလိုပါက E-Mail ဖြင့်ဖြစ်စေ / Comments ဖြင့် ဖြစ်စေ ပေးပို့ လို့ ရပါတယ်။အကယ်၍ ပေးပို့မည်ဆိုပါက အမြန် ဆုံး ပေးပို့ ကြပါလို့ မေတ္တာ ရပ်ခံ ပါရစေ။ ဒီ Post ကို နားမလည် ပါက လည်း မေးမြန်း နိုင်ပါတယ်။ အကြံပြု စာများကိုလည်း ပေးပို့ နိုင်ပါတယ်။ မိမိတို့ရဲ့ ကိုယ်ပိုင် သတင်းများလည်း ပေးပို့ နိုင်ပါတယ်။ မိုဘိုင်းဖုန်း ဆိုင်ရှင်များ / လုပ်ငန်းရှင်များလည်း မိမိတို့ရဲ့ ဆိုင် / လုပ်ငန်း အမည်နဲ့ Application ရေးသားချင်တယ်ဆိုရင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ( E-Mail ပေးပို့ရန် လိပ်စာ soelinnmwa@gmail.com ) ( Phone ဖြင့် ဆက်သွယ်ရန် ဖုန်းနံပါတ် 09792650765 ) (အောင်ဘုန်းမြတ် နာမည်နဲ့ FacebookPage လိပ်စာ http://www.facebook.com/soelinnmwa ) 25.8.2015 ရက်နေ့တွင် Update ပြုလုပ်ပါမည်။

Saturday, August 15, 2015

"ဖြေဆေး"

သြော် လူတွေ လူတွေ တော်တော်လေးကို တရား ကျမိ ပါတယ်။ ဘာတွေကို ဂုဏ်မောက်နေတာလဲ ကလေးရယ်။ တကယ်တော့ မင်းနဲ့ ကိုတို့တွေ က ရန်သူတွေ မဟုက်ပါဘူးကွယ်။ ဘာဖြစ်လို့ ရန်လိုချင် ရတာလဲ။ တိုတောင်းလှတဲ့ လူ့ဘဝ လေးမှာ အမုန်းတရား နဲ့ ရန်ငြိုးတွေ မထားချင်ပါဘူးကွာ။ ဒို့ ကတော့ ဘယ်တုန်းကမှ မင်းလေးအပေါ်ကို အပြစ်မမြင်ပါဘူး။ အခုလို မင်းလေးက ဒို့ကို အမြင်တွေ စောင်းနေပေမယ့် ဒီအချိန်ထိ ဒို့ကတော့ မင်းလေးကို ခွင့်လွတ်ထား နေလျှက်ပါကွာ။ လူရဲ့ စိတ်ဆိုတာ အမြဲ တမ်း မဖြူနိုင်ဘူး ကလေးရဲ့။ ဒါလေးကို မင်းမေ့နေမှာစိုးရိမ်မိလို့ ဒို့က သတိပေးတာနော်။ ရန်ကို ရန်ချင်း မတုန့်ပြန်ချင်ပါဘူးကွာ။ ဒါပေမယ့် ဒို့ခေါင်းထဲမှာတော့ ထာဝရ ကျေးဇူးတင် နေပါမယ်။ အတိတ် ဘဝ ကပေးဆပ် စရာတွေ ကိုပေးဆပ်ခွင့် ရလိုက်လို့လေ။ ဒါကတော့ မင်းလေးကျွေးတဲ့ အဆိပ် ကို ဖြေတဲ့ ဒို့ရဲ့ "ဖြေဆေး" လေးပေါ့နော်။ မင်လေး လည်း ( ------- ) လေးရှိရင် ကောင်းမှာပဲနော်။ဘာဖြစ်လို့လဲဆိုတော့ " နယူတန် ရဲ့ တတိယ နိယာမ " လိုပေါ့။ Action force and reaction force has equal magnitude and opposite direction. မြတ်စွာ ဘုရားကလည်း ဟောခဲ့ တယ်လေ ကိုယ်ပြု ခဲ့ရင် ကိုယ်ပဲ ပြန်ပြီး ပေးဆပ်ရမှာပဲလို့လေ။ ဒါကြောင့် အကုသိုလ် အလုပ်ကို ဘယ်သော အခါမှ မပြုလုပ်မိစေနဲ့။

Monday, August 10, 2015

လူသားချင်း စာနာထောက်ထားကာ မှား ယွင်းစွာ မပြောသင့်သော စကားလုံး လေးပါ။

လူသားချင်း စာနာထောက်ထားကာ မှား ယွင်းစွာ မပြောသင့်သော စကားလုံး လေးပါ။ ရေဘေး ဒုက္ခ သည် မဟုတ်ပါ ရေဘေးသင့် ပြည်သူများ ဖြစ်ပါတယ်။ ရေဘေးဒုက္ခ သည် စခန်း မဟုတ်ပါ ရေးဘေး ကယ်ဆယ်ရေး စခန်း ဖြစ်ပါတယ်။ ရေးဘေး သင့်ပြည်သူတွေရဲ့ ရှေ့မှာ မိမိစကား တစ်ခွန်းကြောင့် သူတို့တွေ ဝမ်းမနည်းပါစေနှင့်။

Wednesday, August 5, 2015

မိဘ ပြည်သူများသို့ နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်း။ ၆.၈.၂၀၁၅ ။ Reference MOI.

မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတပြောကြားသည့် ရေဒီယိုမိန့်ခွန်း (၆-၈-၂၀၁၅)
မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ဇူလိုင်လ ဒုတိယပတ်အတွင်းမှစပြီး အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းတို့မှာ မကြုံစဖူး ရေကြီးနစ်မြုပ်မှု၊ မြေပြိုမှု၊ အိုးအိမ်များပြိုကျပျက်စီးမှု၊ လယ်ယာမြေများ ရေနစ်မြုပ်မှု၊ ကျွဲနွားတိရစ္ဆာန် များသေဆုံးမှုတို့ဖြစ်ပေါ်ပြီး ပြည်သူအများအပြား အသက် အိုးအိမ်စည်းစိမ် ဥစ္စာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြရပါတယ်။
မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းနေချိန်နှင့် တစ်ပြိုင်တည်းမှာပဲ ရခိုင်ပြည်နယ်အနောက်ဘက် ဘင်္ဂလားပင်လယ်မှာ ကိုမာခေါ်တဲ့ ဆိုင် ကလုန်းမုန်တိုင်းတစ်ခုဖြစ်ပေါ်ခဲ့တဲ့အတွက် ပိုမိုမိုးရွာသွန်းမှုနှင့် လေပြင်းများ တိုက်ခတ်မှုဒဏ်ကိုပါ ရခိုင်ပြည်နယ်အတွင်းရှိ မြို့အများအပြား ကြုံတွေ့ ကြရပါတယ်။ ဤကဲ့သို့ မကြုံစဖူး ထူးကဲတဲ့သဘာဝဘေးဒဏ်နဲ့ ကြုံတွေ့ရတဲ့ ဒေသခံ ပြည်သူတွေဟာ ပစ္စည်းဥစ္စာများကိုစွန့်ပစ်ခဲ့ရပြီး မိမိတို့ သားသမီးများနဲ့ မိအိုဖအိုများကိုချီပိုးကာ ဘေးလွတ်ရာဒေသများဆီသို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးတိမ်ရှောင်ခဲ့ကြရပါတယ်။ ထိခိုက်မှုအခံရဆုံး မြို့နယ် များကတော့ မိုးကောင်းမြို့နယ်၊ ကောလင်း၊ ဝန်းသိုမြို့နယ်၊ ကလေးမြို့နယ်၊ ချင်းပြည်နယ်ရှိ မြို့နယ်အများစု၊ ရခိုင်ပြည်နယ်မှ မြို့နယ်အများစုတို့နဲ့ မကွေးတိုင်းဒေသကြီးမှ ပွင့်ဖြူနှင့် စလင်းမြို့နယ်တို့ ဖြစ်ကြပါတယ်။
ထွက်ပြေးတိမ်းရှောင်လာကြတဲ့ရေဘေးသင့်ပြည်သူများနဲ့ တချို့ခက်ခဲစွာ ကယ်တင်လာခဲ့ကြရတဲ့သူများအား ဒေသခံပြည်သူများအနေနဲ့ သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ လုံခြုံစိတ်ချရသည့်နေရာများမှာ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး အသက်ရှင် ရပ်တည်နိုင်ရေးအတွက် စာနာစိတ်အပြည့်နဲ့ ကယ်တင်စောင့်ရှောက် ထားခဲ့ကြရာ ယနေ့အထိ တစ်နိုင်ငံလုံး ရေဘေး သင့်အိမ်ထောင်စုပေါင်း နှစ်သိန်းသုံးသောင်း ခုနစ်ထောင်ကျော် ရှိပါတယ်။
၎င်းတို့အတွက် နေ့စဉ်ကျွေးမွေးမှု၊ အဝတ်အထည်အသုံးအဆောင်ပစ္စည်း များဝေငှပေးမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ဒေသခံပြည်သူများ၊ မြို့အကျိုးဆောင်အဖွဲ့များ၊ စည်ပင်သာယာအဖွဲ့များ၊ ကြက်ခြေနီ၊ မီးသတ်၊ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အစိုးရဝန်ထမ်းများမှ ကနဦးကူညီစောင့်ရှောက်လျက် ရှိပြီး ဤဖြစ်စဉ်များကိုသိလျှင်သိချင်း ရပ်ဝေးရပ်နီးမှ အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များ၊NGO အဖွဲ့များ၊ အပြည်ပြည် ဆိုင်ရာသံရုံးအဖွဲ့များမှ အစားအစာ၊ အသုံးအဆောင်ပစ္စည်းများ၊ အဝတ် အထည်၊ ဆေးဝါးများကို စေတနာထက်သန်စွာ ပေးပို့လှူဒါန်းကြတဲ့အတွက် အလှူရှင်များအားလုံးကို နိုင်ငံတော်ကိုယ်စား ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားအပ်ပါတယ်။
နိုင်ငံတော် အပိုင်းကလည်း ဘေးဒုက္ခကြုံတွေ့နေရသူများအား ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေး လျက်ရှိပြီး မူလအနေအထားကို အမြန်ဆုံးပြန်လည်ရောက်ရှိအောင် ငွေအား၊ လူအား၊ ပစ္စည်းအားတို့ဖြင့် စီမံဆောင်ရွက်ပေးရန် အသင့်ပြင်ဆင်ထား ရှိပြီးဖြစ်ပါတယ်။ သဘာဝဘေးဒဏ်ကို တားဆီး၍မရနိုင်သော်လည်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်မှု၊ မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်အောင် ပြန်လည်ထူထောင်ပေးမှုတို့ကို ကိုယ်ချင်းစာနာ စိတ်၊ မျိုးချစ်စိတ်၊ တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူမှုတို့ဖြင့် ပြည်သူများနှင့် ပူးပေါင်းကာ အစွမ်းကုန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ကျရေများ တိုက်စားမှုတို့ကြောင့် မီးရထားလမ်းများအပါအဝင် လမ်းတံတားများ ပျက်စီးမှုလည်း အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက် မသွားရအောင် အမြန်ဆုံးပြန်လည်ကောင်းမွန်ရန် သက်ဆိုင်ရာဝန်ထမ်းများမှ ပြုပြင်လျက်ရှိ နေကြပါတယ်။ ရေများပြန်ကျသွားသည်နှင့်လယ်ယာမြေများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရန် ထွန်စက်များ၊ မျိုးစပါးများကိုလည်းအသင့်ပြင်ဆင်ထားရှိပြီး ဖြစ်ပါတယ်။ ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် အိမ်များ၊ လုံးဝ ရေမျောသွားသည့် ဆုံးရှုံးသွားတဲ့ အိမ်များအား ပြန်လည်ပြုပြင်ရန်နှင့် အသစ် ပြန်လည် ဆောက်လုပ်နိုင်ရန် အတွက်လည်း အကူအညီပေးရန်စီစဉ်ထားပြီး ဖြစ်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံး ကြိုးပမ်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
ယခုအခါ အဆိုပါဒေသများမှာ မိုးရွာသွန်းမှုလျော့နည်းလာသဖြင့် ရေများ တဖြည်းဖြည်းကျဆင်းလာပြီ ဖြစ်ပါတယ်။ အချို့ရေဘေးသင့်သူများ မိမိတို့ ရပ်ကွက်၊ ကျေးရွာများသို့ပြန်ပြီး နေအိမ်များကို ပြန်လည်ပြုပြင်နေကြပြီ ဖြစ်ပါတယ်။ ၄င်းတို့အတွက် ယာယီစားသုံးနိုင်ရန် ဆန်နှင့် ထောက်ပံ့ငွေ အချို့ကိုလည်းပေးလိုက်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ ဆန်များ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်း တို့မှာလည်း မြစ်ရေကြီးမှုများဖြစ်ပေါ်လာနေသဖြင့် ကယ်ဆယ်ရေး၊ ကူညီ ရေးလုပ်ငန်းများဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ ရေတားတာတမံများ မကျိုးပေါက်စေရေးအတွက် နေ့ရောညပါ စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး ဖြစ်ပေါ်လာပါက အမြန်ဆုံးထိန်းချုပ်နိုင်ရန် အသင့်ပြင်ဆင်ထားကြပြီး ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဧရာဝတီတိုင်းအတွင်းရှိ ငဝန်မြစ်ရေနဲ့ ဧရာဝတီမြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်လာနေ၍ ဟင်္သာတ မြို့နှင့်ညောင်တုန်းမြို့တို့မှာ စိုးရိမ်ဖွယ်ရာအခြေအနေသို့ ရောက်ရှိနေ ပါတယ်။ သဘာဝဘေးအန္တရာယ်ဟာ ကျရောက်လာပါက တားဆီး၍ မရနိုင်ပါသောကြောင့် အန္တရာယ်ရှိလာနိုင်ပါက ဘေးကင်းရာသို့ ကြိုတင် ရွှေ့ပြောင်းနေထိုင်ခြင်းသည်သာ စိတ်အချရဆုံး ဖြစ်ပါကြောင်း မိဘပြည်သူ များသို့ အသိပေးတိုက်တွန်းအပ်ပါတယ်။
မိဘပြည်သူများ ဘေးကင်းလုံခြုံကြပါစေ။

Tuesday, August 4, 2015

ပြန်ကြားရေး ဝန်ကြီးဌာန နှင့် mobile phone ဝန်ဆောင်မှု

     ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်သူများ သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေး အရေးပေါ် တယ်လီဖုန်းအမှတ် ၁၈၈၃ မှတစ်ဆင့် ထုတ်ပြန် ဖြေကြားပေးလျက် ရှိပါသည်။ ယခုအခါ သဘာဝ ဘေးအန္တရာယ် သတင်းအချက်အလက် များအား ပြည်သူများ အချိန်နှင့် တစ်ပြေးညီ ပိုမို ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး SMS ဖြင့် သဘာဝ ဘေးအန္တရာယ် ကြိုတင် အသိပေးချက် အခမဲ့ ဝန်ဆောင်မှုကို MPT၊ တယ်လီနော နှင့် အော်ရီဒူး လက်ကိုင်ဖုန်းများမှ တစ်ဆင့် ၄-၈-၂၀၁၅ ရက် နေ့လည်ပိုင်းမှ စတင် ဆောင်ရွက်ပေးလျက် ရှိသည်။
အသေးစိတ် သတင်းအချက်အလက်များ ရရှိလိုပါက Call Center ၁၈၈၃ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း ထုတ်ပြန်အပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာ

Sunday, August 2, 2015

ရေဘေးသင့် ဒေသများကို ကူညီပေးစေလို

ကျွန်တော်တို့ နိုင်ငံ မှာ ရေကြီး မြေပြို မှုတွေ ဖြစ်နေပါတယ်။ ဒီဖြစ်ရပ် တွေ အတွက် စိတ်မကောင်း ပါဘူး။ အဲ ဒီ ဒေသ တွေကို ကူညီ မှုတွေပေးနေတဲ့ အစိုးရ အာဏာပိုင်များ၊အရပ်ဘက်ဆိုင်ရာ အဖွဲ့ အစည်းများ ကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ။ ဒီထက် ထိရောက်တဲ့ ကူညီမှု တွေ ပြုလုပ်ပေးနိုင်ပါက ပို ၍ အဆင်ပြေ မှု တွေရရှိ နိုင်ပါတယ်။ ထိရောက်တဲ့ ကူညီမှု တွေ ပြုလုပ်ပေးနိုင်ဖို့ မြန်မာ နိုင်ငံ အတွင်းမှာ နေထိုင် ကြတဲ့ မိဘ ပြည်သူ ညီအစ်ကို မောင်နှမ များအားလုံး ကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်နေပါတယ်။ လူသားချင်းစာနာထောက်ထားကာ ဝိုင်းဝန်း ကူ ညီ ပေး ကြပါ လို့ နိုးဆော်အပ်ပါတယ် ဗျာ။

Saturday, August 1, 2015

ရွှေအကြောင်းသိကောင်းစရာ

ရွှအကြောင်းသိကောင်းစရာ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®® ရွှေပဲရည် ၁၆ပဲရည်ဆိုတာက၁၀၀%puregoldပါအခေါက်ရွှေမီးလင်းရွှေလို့လဲခေါ်ပါ တယ်။ ၁၅ပဲရည်ဆိုတာကတော့အခေါက်ရွှေ၁၅ပဲသားနဲ့ ကြေး၁ပဲသား ရောကျိုထားတဲ့ ရွှေပေါ့။ ၁၄ပဲ၂ပြားရည်ဆိုရင်အခေါက်ရွှေ၁၄ပဲ၎ ရွေးနဲ့ ကြေး၁ပဲ၎ ရွေး ရောကျိုထားတဲ့ ရွှေပေါ့။ သချာင်္နည်းနဲ့ပြောရရင် အချိုး(ratio)ပေါ့။ ၁၅ ပဲရည်= အခေါက်ရွှေ ၁၅ပဲး ကြေး ၁ ပဲ ၁၄ ပဲရည်= အခေါက်ရွှေ ၁၄ပဲး ကြေး ၂ ပဲ ၁၃ ပဲရည်= အခေါက်ရွှေ ၁၃ပဲး ကြေး ၃ ပဲ ၁၄ ပဲ ၂ ပြား = အခေါက်ရွှေ ၁၄ပဲ ၄ ရွေးး ကြေး ၁ ပဲ ၄ ရွေး ရွှေတံဆိပ် အသုံးများတဲ့ အခေါက်ရွှေရဲ့ တံဆိပ်(brand) တွေက အကယ်ဒမီနဲ့ ဘသန်းပါပဲ။ ဈေးကွက်မှာ အရောင်းအ၀ယ် အများဆုံးဖြစ်တာကတော့ အကယ်ဒမီတံဆိပ်ပေါ့။ တံဆိပ်ဆိုတာက ရွှေသန့်စင်တဲ့အလုပ်ရုံ(ရွှေလောကမှာတော့ချွတ်ခန်းလို့ခေါ်တယ်)က သူ့ဆီမှာ လာသန့်စင်တဲ့ရွှေကို နှိပ်ပေးလိုက်တဲ့ တံဆိပ်ပါပဲ။ ရွှေတူးဖော်ရေးလုပ်ငန်းက တူးလို့ရလာတဲ့ ရွှေတွေကို အဲဒီချွတ်ခန်းတွေမှာ သွားပြီး သန့်စင်ကြတယ်။ အကယ်ဒမီချွတ်ခန်းမှာ သွားသန့်စင်ရင်အကယ်ဒမီတံဆိပ်နဲ့အခေါက်ရွှေတုံး ရလာတာပေါ့။ အဲဒါကို ဈေးကွက်မှာ ပြန်ရောင်းကြတယ်။ချွတ်ခန်းတွေကလဲသူတို့တံဆိပ်ကို(၂)နှစ်(၃)နှစ်တစ်ခါဒီဇိုင်းပြောင်းတတ်တယ်။အဲလိုပြောင်းလိုက်ရင်ဒီဇိုင်း အဟောင်းက ဈေးငါးရာ တစ်ထောင် လျော့သွားရော။ ရွှေအလေးချိန် နိုင်ငံခြားကထုတ်တဲ့ ရွှေဒင်္ဂါးပြားတွေ ရွှေတုံးတွေကတော့အလေးချိန်တိကျတယ်။ ရွှေတုံးရွှေဒင်္ဂါးပေါ်မှာ အလေးချိန်ကို တစ်ခါတည်း ရိုက်ထားတယ်။ တချို့က( gram ) တချို့က အောင်စ( ounce ) တချို့က( kilo ) တချို့က တိုလာ ( tolar )ချိန်နဲ့ ဒီမှာ ပြန်ချိန်ကြည့်ရင် ၁၀ gram = ၉ပဲ ၅ ရွေး ၁ kilo = ၆၀ကျပ် ၃ ပဲ ၄ ရွေး ၁ ounce = ၁ ကျပ် ၁၄ ပဲ ၁ tolar = ၇ ကျပ် ၂ ရွေး ရွှေဈေး ရွှေဈေးတက် ကျတဲ့ အကြောင်းရင်းတွေမှာ ကမ္ဘာ့ဈေး တက်၊ ကျတာကလဲ ရန်ကုန်မှာ ရွှေ ဈေး တက်၊ ကျဖြစ်စေတဲ့ အကြောင်းထဲမှာ ထိပ်ဆုံးက ပါပါတယ်။ ကမ္ဘာ့ဈေးတက်မယ်ခန့်မှန်းနိုင်ရင်ရန်ကုန်မှာကြိုဝယ်ထားလိုက်ရင် သေချာပေါက် အကျိုးအမြတ် ရနိုင်ပါတယ်။ ကမ္ဘာ့ဈေးတက်မလား ကျမလားဆိုတာကတော့ နိုင်ငံတကာရဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေ တွေကို မျက်ခြေမပြတ် နားစွင့်ထားရပါတယ်။ ကမ္ဘာ့ဈေးတက်စေတဲ့အဓိကအကြောင်းရင်းတွေကတော့စတော့ ဈေးကွက်အခြေအနေမကောင်းတာ၊ ဘဏ်တွေ အခြေအနေမကောင်းတာတွေပေါ့။ အဲဒီအခါလူတွေကစတော့တွေထုတ်ရောင်းပြီး ရွှေဝယ်၊ဘဏ်ကငွေထုတ်ပြီး ရွှေဝယ်နဲ့ ရွှေဈေးတက်တတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံစစ်ဖြစ်ဖို့အခြေအနေတင်းမာနေရင်လဲ ရွှေဈေးတက်တတ်ပါတယ်။ကမ္ဘာ့ဘဏ်ရဲ့ ပေါ်လစီအပြောင်းအလဲအမေရိကန်ရဲ့ ပေါ်လစီအပြောင်းအလဲတွေကလဲ ရွှေဈေးကို အများကြီး ပြောင်းစေပါတယ်။ ဥပမာ-ဘဏ်တိုးနှုန်းတွေ လျှော့လိုက်ရင်လူတွေကဘဏ်ကငွေထုတ်ပြီး ရွှေဝယ်ကြတော့ ရွှေဈေးတက် တာပေါ့။ I live in myanmar. He lives in myanmar. (၂၀၁၄ခုနှစ်၊ စက်တင်လဘာလထုတ် Myanmar Banking & Finance မဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၄) (၅) (၆)မှ ကောက်နှုတ်ဖော်ပြပါသည်။) ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®® ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄