Tuesday, August 16, 2016

လာဘ်

*** လာဘ်ပေး လာဘ်ယူ ကင်းစင်ဖို့ ၊အမြင်လေးတွေပြောင်းကြစို့ ***

၁။ ဝန်းထမ်းတွေကို လစာ တိုးပေးသင့်တယ် ဆိုတာမှန်သင့်သလောက်မှန်ပေမယ့် ဝန်းထမ်း လစာ တိုးပေး ရုံနဲ့ ပပျောက်သွားမှာ မဟုက်ပါဘူး။

၂။ လာဘ်ပေး လာဘ်ယူ ကင်းစင်ဖို့ ဆိုတာ လေနဲ့လုပ်နေသ၍ ပပျောက်သွားစရာ အကြောင်းမရှိပါဘူး။

၃။ အမိန့်ကြော်ငြာ စာ အဆင့် နဲ့လုပ်နေတာကို အနည်းငယ်လောက်သာ လျှော့ကျ စေမှာပါ။

၎။ ဒီထက်ပိုပြီး နည်းပါး သွားဖို့ဆိုရင် ခိုင်မာ ကျစ်လစ် ပြီး ပျင်းထန် တိကျတဲ့ ဥပဒေ မှတစ်ဆင့် နည်းဥပဒေ တွေ ရေးဆွဲပြီး
နိုင်ငံတစ်ဝန်းလုံးသိရှိနိုင်အောင် ဖြန့်ချီပေး ဖို့လိုပါတယ်။

၅။ ဥပဒေ ကို လိုက်နာနိုင်အောင် ညွှန်ပြပေးဖို့ လည်း လိုအပ်ပါတယ်။

ရှင်းလင်းချက် အမှတ်စဉ်  ၁။ ဝန်းထမ်းတွေကို လစာ တိုးပေးသင့်တယ် ဆိုတာမှန်သင့်သလောက်မှန်ပေမယ့် ဝန်းထမ်း လစာ တိုးပေး ရုံနဲ့ ပပျောက်သွားမှာ မဟုက်ပါဘူး။
ဆိုတာကတော့ ရှင်းရှင်းလေးပြောပြပါ့မယ်။
အခုလာဘ်ပေးလာဘ်ယူ လုပ်နေတဲ့သူ အများစုက မိသားစု စားဝတ်နေရေး မလုံလောက်လို့ လုပ်နေကြတာမဟုက်ပါဘူး။
လောဘ တွေဖုံးလွှမ်းပြီး မတရားသောနည်းနဲ့ အမြန်ချမ်းသာ ချင်နေတဲ့သူတွေ လာဘ်ယူတာ က ပိုပြီးများနေမှာပါ။ နောက်ပြီး စားသောက်ကုန် ဈေးနှုန်း တွေကိုလည်း စနစ်တကျ ထိန်းချုပ်ထားဖို့ လိုပါတယ်။
ဒါကြောင့် အဓိကအနေ နဲ့ ပြောချင်တာက ဝန်းထမ်းတွေ လစာ တိုးပေးရုံနဲ့တော့ လာဘ်ပေးလာဘ်ယူ ပပျောက်သွားမှာ မဟုက်ပါဘူး လို့ ပြောပြရင်းနဲ့ ပဲ အမှတ်စဉ်(၁) ကို ဒီလောက်နဲ့ပဲ နိဂုံး ချုပ်လိုက်ပါရစေ။

ရှင်းလင်းချက် အမှတ်စဉ် ၂ ။ လာဘ်ပေး လာဘ်ယူ ကင်းစင်ဖို့ ဆိုတာ လေနဲ့လုပ်နေသ၍ ပပျောက်သွားစရာ အကြောင်းမရှိပါဘူး ဆိုတာက ပြည်သူ ပြည်သား အားလုံးက Facebook ပေါ်တက်ပြီး Post တင် comment ရေး

ခြင်္သေ့ ကို ကြိုက်တဲ့ သူက ဒေါင်း ကို စော်ကား။

ဒေါင်း ကို ကြိုက်တဲ့ သူက ခြင်္သေ့ ကို စော်ကား။

သူနိုင် ကိုယ်နိုင် comment ပြိုင်ရေးနေလို့ အောင်မြင်သွားမှာ မဟုက်ပါဘူးလို့ဆိုလိုတာပါ။

ခြင်္သေ က လာဘ်ပေး လာဘ်ယူ လုပ်နေတာကို တွေ့ရင် တွေ့တဲ့ သူက သတင်းပို့ဖို့လိုပါတယ်။

ဒေါင်း က လာဘ်ပေး လာဘ်ယူ လုပ်နေတာကို တွေ့ရင် တွေ့တဲ့ သူက သတင်းပို့ဖို့လိုပါတယ်။

ခြင်္သေ့ ဘာလုပ်လုပ် မှားတယ်။
ဒေါင်း ဘာလုပ်လုပ် မှန်တယ်။

ခြင်္သေ့ ဘာလုပ်လုပ် မှန်တယ်။
ဒေါင်း ဘာလုပ်လုပ် မှားတယ်။

ဆိုတဲ့ အမြင် လေးတွေကိုပြောင်း လဲ ဖို့လိုပါတယ်။

ခြင်္သေ့  လည်း မှားနိုင်တာရှိသလို  မှန်တာတွေလည်း ရှိနေမှာပဲ။

ဒေါင်း လည်း မှားနိုင်တာရှိသလို  မှန်တာတွေလည်း ရှိနေမှာပဲ။

ဒီတော့ facebook ပေါ်မှာ comment ပြိုင်ရေးနေမယ့် အစား
ပြည်သူအားလုံးပါဝင်ပြီး သက်ဆိုင်ရာကို သတင်းပို့ဖို့ လိုပါတယ်။

ရှင်းလင်းချက် အမှတ်စဉ် ၃ ။ အမိန့်ကြော်ငြာ စာ အဆင့် နဲ့လုပ်နေတာကို အနည်းငယ်လောက်သာ လျှော့ကျ စေမှာပါ။ ဆိုတာကတော့ အမိန့်ကြော်ငြာစာက ရှိနေပေမယ့်လည်း အမိန့်ကြော်ငြာစာကို ကြောက်လို့ပဲ ဖြစ်ဖြစ် လက်ခံသဘောပေါ်က်လို့ပဲဖြစ်ဖြစ် လိုက်နာ တဲ့သူတွေအတွက်တော့ ပပျောက်သွားပေမယ့် ၊ အမိန့်ကြော်ငြာစာကို မကြောက်လို့ပဲ ဖြစ်ဖြစ် လောဘ ရမ္မက် ဖုံးလွှမ်းလို့ပဲဖြစ်ဖြစ် မလိုက်နာ တဲ့သူတွေအတွက်ကတော့ အမိန့်ကြော်ငြာစာကို လ္ဘက်ရည်ဆိုင်သုံး စက္ကူ ( တစ်ရှူး )လောက်တောင် တန်ဖိုး ထားမှာ မဟုက်ပါဘူး။

ရှင်းလင်းချက် အမှတ်စဉ် ၄ ။ ဒီထက်ပိုပြီး နည်းပါး သွားဖို့ဆိုရင် ခိုင်မာ ကျစ်လစ် ပြီး ပျင်းထန် တိကျတဲ့ ဥပဒေ မှတစ်ဆင့် နည်းဥပဒေ တွေ ရေးဆွဲပြီး
နိုင်ငံတစ်ဝန်းလုံးသိရှိနိုင်အောင် ဖြန့်ချီပေး ဖို့လိုပါတယ်။
ဆိုတာကတော့ ဥပဒေတွေ ရေးဆွဲပြီး ပျင်းပျင်းထန်ထန် ကျင့်သုံးဆောင်ရွက်ရမယ်။
ပြီးရင် ပြည်သူအားလုံး ဝန်ထမ်း အားလုံးသိအောင် Social Media တွေကနေ ထုပ်လွှင့်ပြသ ပေးဖို့လိုပါတယ်။
ပြည်သူချစ်ခင်မှုရရှိထားသော ရုပ်ရှင် လောကသားများ၊ စာရေးဆရာများ၊ အငြိမ့်သဘင် လောကသားများ၊ ဟာသ လူရွှင်တော်များ ပူပေါင်းပြီး
ဥပဒေပါအကြောင်းအရာများကို နိုင်ငံအဝှမ်း ဟောကြား ၊ပြောပြ ၊ သရုပ်ဆောင် ပြပြီး
ပြည်သူပြည်သား အားလုံး ဝန်ထမ်းများအားလုံး ဥပဒေကို အသေးစိတ်သိအောင်ဆောင်ရွက်ပေးသင့်ပါတယ်။

ရှင်းလင်းချက် အမှတ်စဉ်  ၅။ ဥပဒေ ကို လိုက်နာနိုင်အောင် ညွှန်ပြပေးဖို့ လည်း လိုအပ်ပါတယ်။ ဆိုတာကတော့ ရေးဆွဲပြီးသော ဥပဒေ တစ်ခုလုံး၏ အသေးစိတ်အကြောင်းအရာများ ကို ပြည်သူပြည်သား အားလုံး၊ ဝန်ထမ်းများအားလုံး ကို ရှင်းပြပြီး လိုက်နာကျင့်သုံးရန် နည်းမျိုးစုံလင်စွာဖြင့် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။


Wednesday, May 25, 2016

ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်များ

ကချင်ပြည်နယ် အတွင်းမှာရှိသော
မြို့နယ်များ မှတ်သားလိုလျှင် ----
--------

ချီဗွေ  ဆော့လော်  တနိုင်း မော်
အင်ဂျန်းယန်က မြစ်ကိုခေါ် ။

ခေါင်လန် နောင်မွန်း ဆွမ်ပရာ
မချမ်းဘောက ပူတာပါ။

မံစီ မိုးမောက် ရွှေကူ တစ်ထောက် ဗန်းမော်ကိုလည်းရောက်။

မိုးညှင်း မိုးကောင်း ဖားကန့်ဟာ
ကချင် ၁၈ ပါ။

၁။ ချီဗွေ 
၂။ ဆော့လော် 
၃။ တနိုင်း
၎။ ဝိုင်းမော်
၅။ အင်ဂျန်းယန်
၆။  မြစ်ကြီးနား ( ခရိုင် )

၇။ ခေါင်လန်ဖူး
၈။ နောင်မွန်း
၉။ ဆွမ်ပရာဘွမ်
၁၀။ မချမ်းဘော
၁၁။ ပူတာအို (ခရိုင်)

၁၂။ မံစီ
၁၃။ မိုးမောက်
၁၄။ ရွှေကူ
၁၅။ ဗန်းမော် (ခရိုင်)

၁၆။ မိုးညှင်း (ခရိုင်)
၁၇ ။ မိုးကောင်း
၁၈။ ဖားကန့် ။


Sunday, April 10, 2016

မြစ်ဆုံ

သိန်း ပေါင်း( 10000 ) တစ်သောင်း ကို အကြိမ် ရေ ( 7560 ) ခုနှစ်ထောင် ငါးရာ့ ခြောက်ဆယ် ဆိုရင် ဘယ်လောက်လဲ။

1 000 000 000  *   7560 =

7 560 000 000 000 ကျပ် =

7 560 000 000 000 ÷ 1200 =

US $ 6300 000 000

--------------------------------------------------

သို့မဟုက်

မြန်မာ နိုင်ငံသူ နိုင်ငံသား အားလုံး၏ အရေအတွက် ကို ( 151 200 ) တစ်သိန်း ငါးသောင်း တစ်ထောင့် နှစ်ရာ  နဲ့ မြှောက်မယ် ဆိုရင် ဘယ်လောက်လဲ။

50 000 000 * 151200 = 7 560 000 000 000

ဒါကြောင့်

( 7 560 000 000 000 ) ကျပ်  ÷
( 50 000 000 ) လူဦးရေ  =
151 200 ကျပ်  ( တစ်ဦးချင်း )

---------------------------------------------

သို့မဟုက်

( US $ 6300 000 000 ) အမေရိကန် ဒေါ်လာ သန်းပေါင်း ၆၃၀၀ ဆိုရင် ဘယ်လောက်လဲ။

US $ 6300 000 000 * 1200 =  
7 560 000 000 000 ကျပ် =

---------------------------------------------------------

အဲဒါတွေအားလုံး  ရဲ့ အဖြေ ကတော့ မှားယွင်းခဲ့ သော စာချုပ် အတွက် အောက်မှာ ပြထား သော ပုံ ကို ကယ်တင်ခြင်း --------

သို့မဟုက်

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း
ကို ကယ်တင် ခြင်း ----