Wednesday, April 23, 2014

***ပုံပြင်လေးတစ်ပုဒ်***

ပုံပြင်လေးတစ်ပုဒ် လို တို ရှင်း ပဲ ရေးလိုက် ပါတော့မယ်ခင်ဗျာ ။ ***တရံရော အခါက ရွာတစ်ရွာ မှာရှိတဲ့ ဘုန်းတော်ကြီတစ်ပါး၊ ဆင်းရဲသားဒါယကာ ကြီး တစ်ဦး၊ ချမ်းသာတဲ့ ဒါယကာ တစ်ဦး တို့ရဲ့ ဇာတ်ကြောင်းလေး ပေါ့ဗျာ။ ဆင်းရဲ သောဒါယကာ က မနက်စောစော အိပ်ရာထကာ စုဆောင်းထားတဲ့ ငွေလေးနဲ့ ရွာဦးကျောင်း ဆရာတော် ဘုန်းတော်ကြီးထံ အပြေးသွားပြီး မနက်ဖြန် ဆွမ်းကပ် ဖို့ လျှောက်တင်ခဲ့တယ် ။ ရွာဦးကျောင်း ဆရာတော် ဘုန်းတော်ကြီးက **အေးကောင်းပြီဒကာ မနက်ဖြန် မနက် ၁၁ နာရီ ရောက်ရင် လာပင့်ပေါ့ဒကာ၊ ဘာဟင်းနဲ့ ဆွမ်းကပ်မှာလဲ ကွဲ့။** ဆင်းရဲ့သောဒါယကာ က ** တပြည့်တော်က ဆင်းရဲသားဆိုတော့ တပြည့်တော်ယာခင်းထဲက ထွက်တဲ့ ချဉ်ပေါင်ရွက်ဟင်းနဲ့ ကန်းစွန်းရွက်ကြော်ပါ အရှင်ဘုရား။** ရွာဦးကျောင်း ဆရာတော် ဘုန်းတော်ကြီးက ** ဟင်းကောင်းတာမကောင်း တာက အဓိက မကြပါဘူး ဒကာရယ် စေတနာသာ အဓိက ပါ ဒကာကြီး။ ** ဆင်းရဲ့သောဒါယကာ လျှောက်တင် တဲ့ နေ့ ညနေဆောင်းတော့ ချမ်းသာတဲ့ ဒါယကာ က ရွာဦးကျောင်း ဆရာတော် ဘုန်းတော်ကြီးထံ မနက်ဖြန် ဆွမ်းကပ်ဖို့ လျှောက်တင်တာပေါ့ ။ ရွာဦးကျောင်း ဆရာတော် ဘုန်းတော်ကြီးက **အေးကောင်းပြီဒကာ မနက်ဖြန် မနက် ၁၁ နာရီ ရောက်ရင် လာပင့်ပေါ့ဒကာ၊ ဘာဟင်းနဲ့ ဆွမ်းကပ်မှာလဲ ကွဲ့။** **တပြည့်တော် မှာ သုံးမကုန်အောင် ချမ်းသာပါတယ် ဘုရား ဒါကြောင့် ဘုန်းဘုန်းကို ကြက်သား၊ ဝက်သား၊ ငါး၊ ဆိတ်ကလီစာ၊ ဘဲပေါင်း စတဲ့ ဟင်းမျိုးအစုံအလင်နဲ့ ဆွမ်းကပ်မှာပါ အရှင်ဘုရား။** ညရောက်တော့ ဘုန်းကြီး က ချမ်းသာတဲ့ ဒါယကာ အိမ်ကို ဘုန်းပေးရမယ့်နည်းလမ်း စဉ်စားရှာပြီ ။ နောက်နေ့ရောက်တော့ ဒကာ ၂ ယောက် ကျောင်းထဲကိုရောက်လာပြီး ဘုန်းကြီး လာပင့် ပါတော့တယ်။ ဒကာ ၂ ယောက်ကို ဘယ်လိုမှ ညှိ မရတော့ ချမ်းသာတဲ့ ဒါယကာ အိမ်ကို ဘုန်းပေးချင် နေတဲ့ ဘုန်းကြီးက ဒကာ ၂ ယောက်ကို ဘယ်၊ ညာ တစ်ဖက်စီမှာထား ပြီး သူ့ လက်၂ ဖက်ကို ဆွဲ ခိုင်းတယ်။ ပြီတော့ ပါတဲ့ ဘက်ကို ဘုန်းပေးမယ်ပြောတယ်။ ဆင်းရဲ တဲ့ ဒကာက ခွန်အားက သန်တော့ ဘုန်းကြီး က ဆင်းရဲ တဲ့ ဒကာဘက်ကို ပါနေချိန် မှာ ဘုန်းကြီး က ချမ်းသာတဲ့ ဒကာဘက်ကို ခန္တာကိုယ် ကြီး ယိုင်ပြီး ဆွဲ ပေးနေတာကို ဆင်းရဲ တဲ့ ဒကာက သိနေတယ်လေ။ ဒီတော့ ဆင်းရဲ တဲ့ ဒကာက ဘုန်းကြီးရဲ့ လက်ကို မထင်မှတ်ဘဲ လွှတ်လိုက်တော့ ဘုန်းကြီးခဗျာ မှောက်လဲ ကာ ခေါင်းကွဲပြီး ဘယ်အိမ်မှ ဘုန်းမပေးရဘဲ ပျံတော်မူ သွားလေတယ်။

Monday, April 21, 2014

၈။ *** ကြက်ဆုတ်ခွပ်ပစ် စကားပြောနည်း ***

၈။ *** ကြက်ဆုတ်ခွပ်ပစ် စကားပြောနည်း *** ကြက်တို့သည် ခွပ်မည်ပြုသောအခါ နောက်သိုဆုတ်ဟန်ပြ၍ ခွပ်ကောင်းသောအခြေအနေ ရောက်မှသာ စီး၍ ခွပ်တတ်ပါသည်။ ထိုနည်းအတူ စကားပြောဆိုရာတွင်လည်း တစ်ဘက်လူ၏အလိုသို့ လိုက်သင့်သလောက်လိုက်ပြီး အခြေအနေ ကောင်းသို့ရောက်မှသာလျှင် အပေါ်စီးမှ ဖိပြောခြင်း ကို ကြက်ဆုတ်ခွပ်ပစ် စကားပြောနည်း ဟုခေါ်ပါသည်။

၇။ *** တောင်သူယာခုတ် စကားပြောနည်း ***

၇။ *** တောင်သူယာခုတ် စကားပြောနည်း *** တောင်သူဦးကြီး များသည် ယာခုတ်ပြဆိုလျှင် ချုံငယ် သစ်ပင်လေးများကို ဦးစွာအရင်ရှင်းလင်းပြီးမှ သစ်ပင်ကြီးများကို ခုတ်လှဲ ကြပါသည်။ ထိုနည်းအတူ စကားပြောဆိုရာတွင်လည်း ရှေးဦးစွာ စကားအငယ် များကိုသုံပြီးမှ စကားကြီးများကိုဖိ၍ အနိုင်ယူ ပြောဆိုခြင်းကို တောင်သူယာခုတ် စကားပြောနည်း ဟုခေါ်ဆိုပါ သည်။

၆။ *** ဆင်ဝှေ့ရန်ရှောင် စကားပြောနည်း ***

၆။ *** ဆင်ဝှေ့ရန်ရှောင် စကားပြောနည်း *** ဆင်ကရန်မူရန် အတွက် ဝှေ့ လိုက်ပြီဆိုလျှင် လွတ်မြောက်အောင် တိန်းရှောင်နိုင်ပါမှ အသက် ချမ်းသာရာ ရနိုင်မည် ဖြစ်ပါသည်။ ထိုနည်းအတူ စကားပြောဆိုရာတွင်လည်း မိမိအတွက် ဘေးရန်ရောက်စေမည့် စကားများကို ရှောင်လွှဲပြောဆိုခြင်းကို ဆင်ဝှေ့ရန်ရှောင် စကားပြောနည်း ဟုခေါ်ပါသည်။

၅။*** ဆီပွတ် ကျည်ပွေ့ စကားပြောနည်း **

၅။*** ဆီပွတ် ကျည်ပွေ့ စကားပြောနည်း *** ဆီရစေရန် အတွက် မြေပဲ၊ နှမ်း၊ နေကြာစသည်တို့ကို ကြိတ်ပွတ်ရာတွင် ကြိမ်ဖန်များစွာ အထပ်ထပ် ပွတ်မှသာလျှင် ဆီ ကိုရပါသည်။ ထိုနည်းအတူ စကားပြောဆိုရာတွင်လည်း လိုရင်းရောက်အောင် ကြိမ်ဖန် များစွာ အထပ်ထပ်အခါခါ ပြောဆိုခြင်းကို ဆီပွတ် ကျည်ပွေ့ စကားပြောနည်း ဟုခေါ်ပါသည်။

၎။*** အိုးတန် ဆန်ခပ် စကားပြောနည်း ***

၎။*** အိုးတန် ဆန်ခပ် စကားပြောနည်း *** ထမင်းအိုးတည်ရာတွင် ဆန်ကိုအိုးနှင့် တန်အောင်ထည့် ၍ ချက်မှ သာလျှင် နူးနပ်စွာ သုံးဆောင်ရပါသည်။ ထိုနည်းအတူ စကားပြောဆိုရာတွင်လည်း လိုရင်းရောက်အောင် တစ်ဖက်လူကလည်း ကျေနပ်အောင် စကားကို တစ်ဖက်စွန်း မရောက်ဘဲ မယုတ်မလွန် ပြောဆိုခြင်းကို အိုးတန် ဆန်ခပ် စကားပြောနည်း ဟုခေါ်ပါသည်။

၃။***ရေစီး ဖောင်ဆန် စကားပြောနည်း **

၃။ ***ရေစီးဖောင်ဆန် စကားပြောနည်း*** ဖောင်ကြီးသည် အညာသို့ ဆန်တက်သောအခါ လိုရာပစ္စည်းများကို တင် ယူပြီး ဖြည်းညင်းစွာ လိုရာအရပ်သို့ ရောက်နိုင်၏။ ထိုနည်းအတူ စကားပြောဆိုရာတွင် လိုရာသို့ ရောက်အောင် စိတ်ရှည်စွာ ဖြင့် ဥပမာ ဥပမေယျ တို့ကို သုံးပြီး ဖြည်းညင်းသာယာစွာ ပြောဆိုခြင်းကို ရေစီးဖောင်ဆန် စကားပြောနည်း ဟု ခေါ်ပါသည်။

၂။ ကောက်ပင်ရိပ်လှီး စကားပြောနည်း

၂။ ကောက်ပင်ရိပ်လှီး စကားပြောနည်း စပါးရိတ်လျှင် ကောက်ပင်များကို လင်တစ်ဖက်ဖြင့် သိမ်းကျုံး ဆုပ်ကိုင်ပြီး ကျန်တစ်ဖက်က တံစဉ်ဖြင့် ပိုင်ပိုင်နိုင်နိုင် အရင်းမှ ဖြတ်၍ရိတ်ယူရ ပါသည်။ ထိုနည်းတူ စကားပြောရာတွင် တစ်ဖက်လူ၏စကားများထဲမှ လိုအပ်သောစကားများကို အမိအရ အပိုင်ကိုင်၍ ချည်ပြီးတုတ်ပြီး ပြော ဆိုခြင်းကို ကောက်ပင်ရိတ်လှီး စကားပြော နည်းဟု ခေါ်ပါသည်။

၁။ ***ရေကူးညာတင် စကားပြောနည်း ***

၁။ ***ရေကူးညာတင် စကားပြောနည်း *** မြစ်တစ်ဖက်ကမ်းမှ အခြား မြစ်တစ်ဖက်ကမ်းသို့ကူးမည်ဆိုလျှင် လိုရာဆိပ်ကမ်းသို့ ရောက်စေရန်အတွက် ရေစီးအရှိန် ကိုတွက်ပြီး မြစ်ညှာမှ တင်၍ကူးမှသာလျှင် ရောက်စေမည်ဖြစ်ပါသည်။ ထိုနည်းအတူ မိမိတို့ အလိုရှိသောစကားကို ရောက်အောင် အထက်ကနေ၍ပိုပိုသာသာပြောထားမှ သာလျှင် နောက်ဆုံး အနေတော်အခြေအနေသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ထိုကဲ့သို့ တင်ကူးပြောခြင်းကို ရေကူးညာတင် စကားပြောနည်း လို့ ခေါ်ပါသည်။

Sunday, April 20, 2014

စကားကြီး ၁၀ မျိုး

စကားကြီး ၁၀ မျိုး ၁။ ရေကူးညာတင် စကားပြောနည်း ၂။ ကောက်ပင်ရိပ်လှီး စကားပြောနည်း ၃။ ရေစီးဖောင်ဆန် စကားပြောနည်း ၄။ အိုးတန်ဆန်ခပ် စကားပြောနည်း ၅။ ဆီပွတ်ကျည်ပွေ့ စကားပြောနည်း ၆။ ဆင်ဝှေ့ရန်ရှောင် စကားပြောနည်း ၇။ တောင်သူယာခုတ် စကားပြောနည်း ၈။ ကြက်ဆုတ် ခွပ်ပစ် စကားပြောနည်း ၉။ ရေစစ်ကရား ရေသွားသောသွင် စကားပြောနည်း ၁၀။ ခက်တင်မောင်းနင်း စကားပြောနည်း

Saturday, April 19, 2014

စိတ်ဓါတ် ခွန်အား

ပန်းတိုင်ကိုရောက်အောင် ၁၀ ကြိမ်ကြိုးစားခဲ့ပေမယ့်လည်း ပန်းတိုင်ကို ၁၀ကြိမ်စလုံး မရောက် ခဲ့တဲ့ အခါမှာ ၁၀ ကြိမ်ကျရှုံး ခဲ့တယ်လို့ အားငယ်စေတဲ့ အတွေး တခု ကိုတွေးမိပြီး မှိုင်နေမယ့် အစား ပန်းတိုင်ကိုရောက်အောင် မသွားနိုင်တဲ့နည်းလမ်း ၁၀ ခု ကို တွေ့ရှိရပြီ ဆိုတဲ့ အတွေးနဲ့ စိတ်ဓါတ် ခွန်အား ဖြစ်စေမယ့် တွေးခေါ် မှု ကို လက်ကိုင်ထားပြီး ဘဝကိုတည်ဆောက်မယ်။

Friday, April 18, 2014

လှမယ်ဖြူ

လှမယ်ဖြူ သူ့ရုပ်တမူ လှလို့ဖြူ ၊ လှမယ်ဖြူလို့ ခေါ်ဆိုထိုက် ၊ တော်တော်လိုက်လို့ ဒို့ကခေါ် ၊ လှလွန်းလို့နော်။ လှလို့သာ ကိုယ်ကချစ်၊ ကျွန်တော့်ရင်မှာနစ် ။ ချစ်မိတဲ့အသဲ ဆယ်ခါကွဲ ၊ ကုသနိုင်တာ သူပါပဲ။ ကုပေးလိုက်ပါ ချစ်သူရာ၊ မင်းတယောက်သာ ကုနိုင်တာ။ ချစ်တဲ့စကား နားထဲရောက် ၊ ဒီဝေဒနာ အားလုံးပျောက်။

Tuesday, April 15, 2014

ပန်းသတင်း လေညှင်းဆောင် လူသတင်း ပုလင်းထောင်

ပန်းသတင်း လေညှင်းဆောင် လူသတင်း ပုလင်းထောင် ပန်းသတင်း လေညှင်းဆောင် ရာ မွှေးမယ်။ လူသတင်းတော့ ပုလင်းထောင် ပါ သိမယ်။ မယုံရင် လေ့လာ သိနိုင်တာ ယုံရင် ကျင့်သုံး တသက်လုံး။ စိုးသီဟ(မုံပုလဲ) ပုံရိပ်အတွေးသစ်

ကမ္ဘာကြီးက ကျဉ်းလွန်းတယ်ဆို။ ကမ္ဘာကြီးကို အင်တာနက်ရွာဆို။

ကမ္ဘာကြီးက ကျဉ်းလွန်းတယ်ဆို။ ကမ္ဘာကြီးကို အင်တာနက်ရွာဆို။ ဘယ်သူတွေပြောခဲ့တာလဲ။ ဘယ်နိုင်ငံက လူတွေပြောခဲ့တာလဲ။ လျှာအရိုးမရှိတိုင်းလျှောက်ပြောနေကြတာ။ မဟုတ်တာတွေပြောပြီး လေထွားနေကြတာ။ မဖြစ်နိုင်တာတွေပြောပြီး မိမိရဲ့ ဂုဏ်သိက္ခာကိုမြင့်တင်နေကြတာ။ ဘယ်မှာလဲ MH370 ။ ဘယ်မှာလဲ MH370ရဲ့ ခရီးသည်၂၃၉ ယောက်။ လေယာဉ် တစီးလုံးပျောက်နေတာတောင်မှ တွေ့အောင်မရှာနိုင်ကြဘဲနဲ့ ။ ကမ္ဘာကြီးကို ဘယ်သူက အကြီးကြီးဖြစ်အောင်လုပ်လိုက်တာလဲ။ ကမ္ဘာကြီးက ဘယ်လိုအကြောင်းမျိုးကြောင့် အကြီးကြီးဖြစ်သွားတာလဲ။

Monday, April 14, 2014

အညှာတခေါက် ပြန်ရောက်မည့်ရက်

အညှာတခေါက် ပြန်ရောက်မည့်ရက် လွမ်းတဲ့ နာရီ သန်းနှင့် ချီပြီ။ ချိန်ခါ ခွင့်ပေး ရက်မရွေးဘဲ ပြန်လိုက် ပါမည် ဌာနီ ဆီသို့။ ပြန်သင့် ချိန်ရောက် ပြန်ရောက် ပါပြီ ရောက်ခဲ့ လေပြီ အမေ့ ဌာနေ။ ရွာမြေမှခွဲ ဝမ်းနည်းသောကြောင့် မေ့ကျန်သော်လည်း နောက်မှပဲယူ စိတ်မှာပူ၍ သောက ကိုင်ကာ ထပ်ခါ ယှဉ်ပြိုင် ရင်မဆိုင် ဝံ့။ ရွာမှပြန်လာ ခွဲခွာ လာတော့ ကေတုမတီ တောင်ငူဆီသို့ မျက်ရည် စို့ဖြင့် လာခဲ့ ခြေပြီ ဌာနီ ကျောပေး ဝေးရ လေခြင်း။ အညှာ တစ်ခေါက် ဝတိံရောက်ဟု စိတ်ကထင်မိ ဝေးသည့်ဌာနေ ဘယ်သောခါမှ ပြန်ရမည်ဟု တွေးဆ နေပြီ ဌာနေ ဆီသို့။

Saturday, April 12, 2014

သက္ကရာဇ် တွေ အဆင့်ဆင့် ပြောင်းလဲ လာပုံ

သက္ကရာဇ် သမိုင်း
 ၁။ သာလိဝါဟနသက္ကမင်း ကောဝိန်သက္ကရာဇ် ၃၁၈၀-၃၁၇၉ = ၁ ကောဇာသက္ကရာဇ် = ၁ 

၂။ ကဉ္စနမင်း မြတ်စွာဘုရား၏ဘိုးတော် ကောဇာသက္ကရာဇ် ၁၆၄၅-၁၆၄၄= ၁ မဟာသက္ကရာဇ် = ၁

 ၃။ ရှင်မဟာကဿပ နှင့် အဇာတသတ် မဟာသက္ကရာဇ် ၁၄၈-၁၄၇ = ၁ သာသနာသက္ကရာဇ် = ၁

 ၄။ သုမုဒ္ဓြီ မင်း သရေခေတ္တရာပြည် သာသနာသက္ကရာဇ် ၆၂၄-၆၂၂ = ၂ သက္ကရာဇ်တို =၂

 ၅။ ပုပ္ပါးစောရဟန်းမင်း ပုဂံပြည် (၁၁၈၄ သာသနာသက္ကရာဇ် ) -၂ သက္ကရာဇ်တို ၅၆၂-၅၆၀ = ၂

ထိုမှစသောနှစ် ကို ယနေ့တိုင်အောင် ကောဇာ သက္ကရာဇ် ဟု ခေါ်ဆိုလျှက် ..........

ကျွန်တော်ကို စိတ်ရှည်စွာ ပြောပြသော ဦးကျော်သန်း အားအထူးပင်ကျေးဇူးတင်ပါသည်။

***မသုံးအပ်သော သစ် (၈)မျိုး***

မိမိနှင့်ဝါသနာတူ စာဖတ်သူ ညီအစ်ကို မောင်နှမ များအတွက် ဗဟုသုတ ရစေလို၍ ကူးယူ ရေးသား ဖော်ပြအပ်ပါသည်။ ***မသုံးအပ်သော သစ် (၈)မျိုး*** ၁။ သစ်ဆွဲချ (ခုတ်ဖြတ်စဉ် တွဲလဲကြနေသော သစ်) ၂။ လူကောင်တင်သစ် (သစ်ခိုင်းကြား တွင်တင်နေသောသစ်) ၃။ သစ်ဘီလူး (အရင်းသေး၍ အဖျားကြီးသောသစ်) ၄။ သစ်နပုန်း (အရင်း အဖျားရှူးပြီး အလယ်ကြီးသောသစ်) ၅။ သစ်တံတား (လမ်းကူးချောင်းကူးသစ်) ၆။ သစ်ကြိတ် (အပင်ချင်း အခိုင်းချင်း ကြိတ်သောသစ်) ၇။ သစ်နဂါး (အပင်တွင်နွယ် ရစ်ပတ်နေသောသစ်) ၈။ သစ်စည်ယို (မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ်) စိုးသီဟ(မုံပုလဲ)