Saturday, August 15, 2015

"ဖြေဆေး"

သြော် လူတွေ လူတွေ တော်တော်လေးကို တရား ကျမိ ပါတယ်။ ဘာတွေကို ဂုဏ်မောက်နေတာလဲ ကလေးရယ်။ တကယ်တော့ မင်းနဲ့ ကိုတို့တွေ က ရန်သူတွေ မဟုက်ပါဘူးကွယ်။ ဘာဖြစ်လို့ ရန်လိုချင် ရတာလဲ။ တိုတောင်းလှတဲ့ လူ့ဘဝ လေးမှာ အမုန်းတရား နဲ့ ရန်ငြိုးတွေ မထားချင်ပါဘူးကွာ။ ဒို့ ကတော့ ဘယ်တုန်းကမှ မင်းလေးအပေါ်ကို အပြစ်မမြင်ပါဘူး။ အခုလို မင်းလေးက ဒို့ကို အမြင်တွေ စောင်းနေပေမယ့် ဒီအချိန်ထိ ဒို့ကတော့ မင်းလေးကို ခွင့်လွတ်ထား နေလျှက်ပါကွာ။ လူရဲ့ စိတ်ဆိုတာ အမြဲ တမ်း မဖြူနိုင်ဘူး ကလေးရဲ့။ ဒါလေးကို မင်းမေ့နေမှာစိုးရိမ်မိလို့ ဒို့က သတိပေးတာနော်။ ရန်ကို ရန်ချင်း မတုန့်ပြန်ချင်ပါဘူးကွာ။ ဒါပေမယ့် ဒို့ခေါင်းထဲမှာတော့ ထာဝရ ကျေးဇူးတင် နေပါမယ်။ အတိတ် ဘဝ ကပေးဆပ် စရာတွေ ကိုပေးဆပ်ခွင့် ရလိုက်လို့လေ။ ဒါကတော့ မင်းလေးကျွေးတဲ့ အဆိပ် ကို ဖြေတဲ့ ဒို့ရဲ့ "ဖြေဆေး" လေးပေါ့နော်။ မင်လေး လည်း ( ------- ) လေးရှိရင် ကောင်းမှာပဲနော်။ဘာဖြစ်လို့လဲဆိုတော့ " နယူတန် ရဲ့ တတိယ နိယာမ " လိုပေါ့။ Action force and reaction force has equal magnitude and opposite direction. မြတ်စွာ ဘုရားကလည်း ဟောခဲ့ တယ်လေ ကိုယ်ပြု ခဲ့ရင် ကိုယ်ပဲ ပြန်ပြီး ပေးဆပ်ရမှာပဲလို့လေ။ ဒါကြောင့် အကုသိုလ် အလုပ်ကို ဘယ်သော အခါမှ မပြုလုပ်မိစေနဲ့။

1 comment:

  1. Slots Casino Free Chip - DrmCD
    Free Slot Casino Chip 구리 출장마사지 Free Chip. 동두천 출장안마 free chips at 파주 출장샵 Slots Casino for $10, no deposit required. All 양주 출장샵 chips will remain in use for the 경기도 출장마사지 casino,

    ReplyDelete