Monday, January 26, 2015

MPT MEC OOREDOO TELENOR ၄မျိုး ထဲ က ဘာကိုသုံးသင့်လဲ ဆိုတာ

MPT MEC OOREDOO TELENOR လေးမျိုးမှာ အဝင် ဆိုရင် MPT,MEC အထွက် ဆိုရင် TELENOR အင်တာနက်ဆိုရင် OOREDOO လို့ လူတော်တော်များများ ပြောဆိုတယ်,လက်ခံတယ်,ကျင့်သုံးနေတယ်။ ကျွန်တော် ကတော့ အဲဒီ လို့ စနစ်ကို မကြိုက် ပါဘူး။ ကျွန်တော် ကြိုက်တဲ့ စနစ်ကို တင်လိုက်ပါတော့မယ်။ OOREDOO က 3G စနစ်ဖြစ်ပါတယ်။ TELENOR က 2G ,3G ၂မျိုးစလုံးသုံးနိုင်တဲ့ စနစ်ပါ။ ကျွန်တော် တို့ မြန်မာ နိုင်ငံ မှာ အသုံးပြုနေတဲ့ ၂ကဒ်ထည့်သုံး လက်ကိုင်ဖုန်း အများစုကတော့ CARD 1 က 2G,3G ၂မျိုးသုံးလို့ ရပါတယ်။ CARD 2 ကတော့ 2G စနစ် ၁မျိုးတည်းသာ သုံးလို့ ရပါတယ်။ အဲဒါကြောင့် မိမိလက်ကိုင်ဖုန်း ရဲ့ အကောင်းဆုံး နေရာကတော့ CARD 1 နေရာပါ။ OOREDOO SIM CARD က CARD 1 တစ်နေရာပဲ သုံးလို့ ရတာပါ။ အဲဒီတော့ မိမိလက်ကိုင်ဖုန်း ရဲ့ အကောင်းဆုံးနေရာမှာ OOREDOO ကနေရသွားတာပါ။ ဒါကြောင့် OOREDOO ရဲ့ အင်တာနက် လိုင်းက 3G တက်ပြီး လိုင်းကောင်းနေတာဖြစ်ပါတယ်။ TELENOR SIM CARD ကို CARD 1 မှာထည့်ပြီးသုံးကြည့်ပါ 3G လိုင်းရမှာပါ။ 3G ချင်းတူနေရင် TELENOR က ဘယ်လောက်ထိကောင်းတယ်ဆိုတာကို သိနိုင်မှာပါ။ ကျွန်တော် ကတော့ ပြည်တွင်းဖြစ်ကို အားပေးပါ ဆိုတဲ့ စာသားကို ၈၀ရာခိုင်နူန်း သဘောကြတဲ့အတွက် အထွက် ဆိုရင် MPT,MEC အဝင်ကတော့ ဘယ်ကဝင်သည်ဖြစ်စေ လက်ခံရတာပဲလေ။ အင်တာနက်ဆိုရင်တော့ GSM ၂ကဒ် သုံး လက်ကိုင်ဖုန်း ထဲ ကို CARD 2 မှာ MPT ထည့်သုံးပြီး CARD 1 မှာ TELENOR SIM CARD ထည့်ပြီး သုံးရတဲ့ အင်တာနက် လိုင်းကို အနစ်သက် ဆုံး ဖြစ်တယ်ဆိုတဲ့ အကြောင်း ရင်ဖွင့်လိုက် ရ ခြင်းဖြစ်ပါတယ် ခင်ဗျာ။ OOREDOO SIM CARD ကိုတော့ ဖြုတ်သိမ်းထားစဲပါ။ဘယ်အချိန်ရောက်မှ လွှင့်ပစ် မိမှာလည်းတော့ မပြောနိုင် သေးပါ။ မြန်မာ ဟေ့ မြန်မာ အားလုံးကို ကျေးဇူးတင်လျှက် စိုးသီဟ (ပုလဲ)