Monday, August 24, 2015

မဲဆန္ဒ ရှင် ပြည်သူတွေ သိအောင် လို့ ကျွန်တော် သိထားသလောက်လေး ပြောပြလိုက်မယ်နော်

၁။ မဲဆန္ဒ ရှင် ပြည်သူတွေ သိအောင် လို့ ကျွန်တော် သိထားသလောက်လေး ပြောပြလိုက်မယ်နော်။ သမ္မတ ဆိုတာ လူကြီးတစ်ယောက် ဖြစ်တယ်ဆိုတဲ့ အချက်တစ်ခုတည်းမဟုက်ပါ။ အဓိက အနေနဲ့ ပြောရမယ်ဆိုရင် အစိုးရ အဖွဲ့ ကို သူကိုယ်တိုင် ဖွဲ့ စည်းနိုင်ပါတယ်။ ဥပမာ။ ။ ဘယ်သူက ဘယ်ဌာန မှာ ဝန်ကြီးလုပ်လိုက်။ဘယ်သူ့ကို ဘယ်ဌာနကို ရွှေ့ပစ်လိုက် ။ဘယ်သူ့ကို ဖြုတ်ပစ်လိုက်။ ဘယ်သူက ထွက်စာတင်လိုက်။ မင်းကိုယ်တိုင် ထွက်စာမတင်ရင် ငါက ဖြုတ်ပစ် လိုက်မယ်။ အစိုးရ အဖွဲ့ အစည်း ကောင်းမှ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်နိုင်ပါတယ်။ ၂။ သမ္မတ ဆိုတာ မဲဆန္ဒရှင် ပြည်သူတွေကတိုက်ရိုက် မဲပေးလို့ မရပါဘူး။ မဲဆန္ဒရှင်တွေ ရွေးချယ်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ် (ကိုယ်စားလှယ်) တွေက မှ မဲပေးပြီး ဒုတိယ သမ္မတ ကို ရွေးချယ်တာပါ။ ဒုတိယသမ္မတ ၃ယောက် ရွေးချယ်ရပါတယ်။ ပြည်သူ့ လွတ်တော်က ၁ရောက်ရွေးချယ်ရပါတယ်။ အမျိုးသား လွတ်တော်က ၁ရောက်ရွေးချယ်ရပါတယ်။ စစ်တပ် က ၁ရောက်ရွေးချယ်ရပါတယ်။ ၃။ ဒုတိယသမ္မတ ၃ ယောက်ထဲကမှ ၁ ယောက် ကို ပြည်ထောင်စု လွှတ်တော် ( ပြည်သူ့လွှတ်တော်+ အမျိုးသား လွှတ်တော် ) ကနေ သမ္မတ အဖြစ် ရွေးချယ်ရပါတယ်။ ဒါကြောင့် မိမိတို့ က မိမိ နိုင်ငံ ရဲ့ အနာဂတ်ကို လွှတ်တော်ကိုယ်စားလှယ်တွေဆီ ပုံပြီး ပေးလိုက်ရတာပါ။ လွှတ်တော် ကိုယ်စားလှယ် ရွေးချယ်မှု တွေ မှန်ကန်မှုရှိကြပါစေလို့ ------------ သိလို့ရေးတာ မဟုက်ပါ သိစေချင်လို့ ရေးတာပါ။ (အမှားပါရင် သီးခံ၊ခွင့်လွှတ်၊နားလည်ပေးကြပါ။) FB-RSS feed for စိုး လင်း / 49 minutes ago

No comments:

Post a Comment