Monday, April 14, 2014

အညှာတခေါက် ပြန်ရောက်မည့်ရက်

အညှာတခေါက် ပြန်ရောက်မည့်ရက် လွမ်းတဲ့ နာရီ သန်းနှင့် ချီပြီ။ ချိန်ခါ ခွင့်ပေး ရက်မရွေးဘဲ ပြန်လိုက် ပါမည် ဌာနီ ဆီသို့။ ပြန်သင့် ချိန်ရောက် ပြန်ရောက် ပါပြီ ရောက်ခဲ့ လေပြီ အမေ့ ဌာနေ။ ရွာမြေမှခွဲ ဝမ်းနည်းသောကြောင့် မေ့ကျန်သော်လည်း နောက်မှပဲယူ စိတ်မှာပူ၍ သောက ကိုင်ကာ ထပ်ခါ ယှဉ်ပြိုင် ရင်မဆိုင် ဝံ့။ ရွာမှပြန်လာ ခွဲခွာ လာတော့ ကေတုမတီ တောင်ငူဆီသို့ မျက်ရည် စို့ဖြင့် လာခဲ့ ခြေပြီ ဌာနီ ကျောပေး ဝေးရ လေခြင်း။ အညှာ တစ်ခေါက် ဝတိံရောက်ဟု စိတ်ကထင်မိ ဝေးသည့်ဌာနေ ဘယ်သောခါမှ ပြန်ရမည်ဟု တွေးဆ နေပြီ ဌာနေ ဆီသို့။

No comments:

Post a Comment