Wednesday, April 23, 2014

***ပုံပြင်လေးတစ်ပုဒ်***

ပုံပြင်လေးတစ်ပုဒ် လို တို ရှင်း ပဲ ရေးလိုက် ပါတော့မယ်ခင်ဗျာ ။ ***တရံရော အခါက ရွာတစ်ရွာ မှာရှိတဲ့ ဘုန်းတော်ကြီတစ်ပါး၊ ဆင်းရဲသားဒါယကာ ကြီး တစ်ဦး၊ ချမ်းသာတဲ့ ဒါယကာ တစ်ဦး တို့ရဲ့ ဇာတ်ကြောင်းလေး ပေါ့ဗျာ။ ဆင်းရဲ သောဒါယကာ က မနက်စောစော အိပ်ရာထကာ စုဆောင်းထားတဲ့ ငွေလေးနဲ့ ရွာဦးကျောင်း ဆရာတော် ဘုန်းတော်ကြီးထံ အပြေးသွားပြီး မနက်ဖြန် ဆွမ်းကပ် ဖို့ လျှောက်တင်ခဲ့တယ် ။ ရွာဦးကျောင်း ဆရာတော် ဘုန်းတော်ကြီးက **အေးကောင်းပြီဒကာ မနက်ဖြန် မနက် ၁၁ နာရီ ရောက်ရင် လာပင့်ပေါ့ဒကာ၊ ဘာဟင်းနဲ့ ဆွမ်းကပ်မှာလဲ ကွဲ့။** ဆင်းရဲ့သောဒါယကာ က ** တပြည့်တော်က ဆင်းရဲသားဆိုတော့ တပြည့်တော်ယာခင်းထဲက ထွက်တဲ့ ချဉ်ပေါင်ရွက်ဟင်းနဲ့ ကန်းစွန်းရွက်ကြော်ပါ အရှင်ဘုရား။** ရွာဦးကျောင်း ဆရာတော် ဘုန်းတော်ကြီးက ** ဟင်းကောင်းတာမကောင်း တာက အဓိက မကြပါဘူး ဒကာရယ် စေတနာသာ အဓိက ပါ ဒကာကြီး။ ** ဆင်းရဲ့သောဒါယကာ လျှောက်တင် တဲ့ နေ့ ညနေဆောင်းတော့ ချမ်းသာတဲ့ ဒါယကာ က ရွာဦးကျောင်း ဆရာတော် ဘုန်းတော်ကြီးထံ မနက်ဖြန် ဆွမ်းကပ်ဖို့ လျှောက်တင်တာပေါ့ ။ ရွာဦးကျောင်း ဆရာတော် ဘုန်းတော်ကြီးက **အေးကောင်းပြီဒကာ မနက်ဖြန် မနက် ၁၁ နာရီ ရောက်ရင် လာပင့်ပေါ့ဒကာ၊ ဘာဟင်းနဲ့ ဆွမ်းကပ်မှာလဲ ကွဲ့။** **တပြည့်တော် မှာ သုံးမကုန်အောင် ချမ်းသာပါတယ် ဘုရား ဒါကြောင့် ဘုန်းဘုန်းကို ကြက်သား၊ ဝက်သား၊ ငါး၊ ဆိတ်ကလီစာ၊ ဘဲပေါင်း စတဲ့ ဟင်းမျိုးအစုံအလင်နဲ့ ဆွမ်းကပ်မှာပါ အရှင်ဘုရား။** ညရောက်တော့ ဘုန်းကြီး က ချမ်းသာတဲ့ ဒါယကာ အိမ်ကို ဘုန်းပေးရမယ့်နည်းလမ်း စဉ်စားရှာပြီ ။ နောက်နေ့ရောက်တော့ ဒကာ ၂ ယောက် ကျောင်းထဲကိုရောက်လာပြီး ဘုန်းကြီး လာပင့် ပါတော့တယ်။ ဒကာ ၂ ယောက်ကို ဘယ်လိုမှ ညှိ မရတော့ ချမ်းသာတဲ့ ဒါယကာ အိမ်ကို ဘုန်းပေးချင် နေတဲ့ ဘုန်းကြီးက ဒကာ ၂ ယောက်ကို ဘယ်၊ ညာ တစ်ဖက်စီမှာထား ပြီး သူ့ လက်၂ ဖက်ကို ဆွဲ ခိုင်းတယ်။ ပြီတော့ ပါတဲ့ ဘက်ကို ဘုန်းပေးမယ်ပြောတယ်။ ဆင်းရဲ တဲ့ ဒကာက ခွန်အားက သန်တော့ ဘုန်းကြီး က ဆင်းရဲ တဲ့ ဒကာဘက်ကို ပါနေချိန် မှာ ဘုန်းကြီး က ချမ်းသာတဲ့ ဒကာဘက်ကို ခန္တာကိုယ် ကြီး ယိုင်ပြီး ဆွဲ ပေးနေတာကို ဆင်းရဲ တဲ့ ဒကာက သိနေတယ်လေ။ ဒီတော့ ဆင်းရဲ တဲ့ ဒကာက ဘုန်းကြီးရဲ့ လက်ကို မထင်မှတ်ဘဲ လွှတ်လိုက်တော့ ဘုန်းကြီးခဗျာ မှောက်လဲ ကာ ခေါင်းကွဲပြီး ဘယ်အိမ်မှ ဘုန်းမပေးရဘဲ ပျံတော်မူ သွားလေတယ်။

No comments:

Post a Comment