Tuesday, April 15, 2014

ကမ္ဘာကြီးက ကျဉ်းလွန်းတယ်ဆို။ ကမ္ဘာကြီးကို အင်တာနက်ရွာဆို။

ကမ္ဘာကြီးက ကျဉ်းလွန်းတယ်ဆို။ ကမ္ဘာကြီးကို အင်တာနက်ရွာဆို။ ဘယ်သူတွေပြောခဲ့တာလဲ။ ဘယ်နိုင်ငံက လူတွေပြောခဲ့တာလဲ။ လျှာအရိုးမရှိတိုင်းလျှောက်ပြောနေကြတာ။ မဟုတ်တာတွေပြောပြီး လေထွားနေကြတာ။ မဖြစ်နိုင်တာတွေပြောပြီး မိမိရဲ့ ဂုဏ်သိက္ခာကိုမြင့်တင်နေကြတာ။ ဘယ်မှာလဲ MH370 ။ ဘယ်မှာလဲ MH370ရဲ့ ခရီးသည်၂၃၉ ယောက်။ လေယာဉ် တစီးလုံးပျောက်နေတာတောင်မှ တွေ့အောင်မရှာနိုင်ကြဘဲနဲ့ ။ ကမ္ဘာကြီးကို ဘယ်သူက အကြီးကြီးဖြစ်အောင်လုပ်လိုက်တာလဲ။ ကမ္ဘာကြီးက ဘယ်လိုအကြောင်းမျိုးကြောင့် အကြီးကြီးဖြစ်သွားတာလဲ။

No comments:

Post a Comment