Wednesday, April 6, 2016

** မုဆိုးမ သားအမိ ဈေးရောင်းခြင်း **

** မုဆိုးမ သားအမိ ဈေးရောင်းခြင်း **

-------- ရွာအရှေ့ပိုင်း -------

အမေ။   ။ သမီးရေ ဒီနေ့တော့ ရွာ အရှေ့ ပိုင်းကို ဈေးရောင်းသွားလိုက်ပါကွယ်။

သမီး ။    ။  ဟုက်ကဲ့ပါ အမေ ဈေးခြင်း ထဲကို ရောင်းရမယ့် ပစ္စည်းလေးတွေ ထည့်ပေးပါဦး။

အမေ ။   ။  အေးပါကွယ်။ ထည့်ထားပြီးပါပြီ။
ကြန်သွန်နီ ရယ် ၊ စတော်ဘယ်ရီသီး ရယ် ၊ ခရမ်းချဉ်သီး အမှည့်လေးတွေရယ် ၊ သရက်သီး နုနုလေးတွေရယ် ။

သမီး ။   ။ သမီး ဈေးရောင်းသွားပါပြီ။

အမေ ။  ။ အေး အေး သွားပါ ကွယ် ။ သမီး သွားသွား။

သမီး ။   ။ သမီး ဈေးရောင်းပြီးလို့ ပြန်လာပါပြီ အမေ။

အမေ ။   ။ ဈေးရောင်းလို့ ကောင်းလား သမီး။

သမီး ။  ။ သရက်သီး နုနုလေးတွေ ကလွဲ ရင် အားလုံး ရောင်းလို့ ကုန်ပါတယ် အမေ ။

-------  နောက်နေ့ ---------- ရွာအနောက်ပိုင်း ----

အမေ။   ။ သမီးရေ ဒီနေ့တော့ ရွာ အနောက် ပိုင်းကို ဈေးရောင်းသွားလိုက်ပါကွယ်။

သမီး ။    ။  ဟုက်ကဲ့ပါ အမေ ဈေးခြင်း ထဲကို ရောင်းရမယ့် ပစ္စည်းလေးတွေ ထည့်ပေးပါဦး။

အမေ ။   ။  အေးပါကွယ်။ ထည့်ထားပြီးပါပြီ။
ကြန်သွန်နီ ရယ် ၊ စတော်ဘယ်ရီသီး ရယ် ၊ ခရမ်းချဉ်သီး အမှည့်လေးတွေရယ် ၊ သရက်သီး နုနုလေးတွေရယ် ။

သမီး ။   ။ သမီး ဈေးရောင်းသွားပါပြီ။

အမေ ။  ။ အေး အေး သွားပါ ကွယ် ။ သမီး သွားသွား။

သမီး ။   ။ သမီး ဈေးရောင်းပြီးလို့ ပြန်လာပါပြီ အမေ။

အမေ ။   ။ ဈေးရောင်းလို့ ကောင်းလား သမီး။

သမီး ။  ။ ဒီနေ့ လည်း သရက်သီး နုနုလေးတွေ ကလွဲ ရင် အားလုံး ရောင်းလို့ ကုန်ပါတယ် အမေ ။

-------  နောက်နေ့ ---------- ရွာတောင်ပိုင်း ------

အမေ။   ။ သမီးရေ ဒီနေ့တော့ ရွာ တောင် ပိုင်းကို ဈေးရောင်းသွားလိုက်ပါကွယ်။

သမီး ။    ။  ဟုက်ကဲ့ပါ အမေ ဈေးခြင်း ထဲကို ရောင်းရမယ့် ပစ္စည်းလေးတွေ ထည့်ပေးပါဦး။

အမေ ။   ။  အေးပါကွယ်။ ထည့်ထားပြီးပါပြီ။
ကြန်သွန်နီ ရယ် ၊ စတော်ဘယ်ရီသီး ရယ် ၊ ခရမ်းချဉ်သီး အမှည့်လေးတွေရယ် ၊ သရက်သီး နုနုလေးတွေရယ် ။

သမီး ။   ။ သမီး ဈေးရောင်းသွားပါပြီ။

အမေ ။  ။ အေး အေး သွားပါ ကွယ် ။ သမီး သွားသွား။

သမီး ။   ။ သမီး ဈေးရောင်းပြီးလို့ ပြန်လာပါပြီ အမေ။

အမေ ။   ။ ဈေးရောင်းလို့ ကောင်းလား သမီး။

သမီး ။  ။ ဒီနေ့ လည်း သရက်သီး နုနုလေးတွေ ကလွဲ ရင် အားလုံး ရောင်းလို့ ကုန်ပါတယ် အမေ ။

-------  နောက်နေ့ ---------- ရွာမြောက်ပိုင်း ----

အမေ။   ။ သမီးရေ ဒီနေ့တော့ ရွာ မြောက်  ပိုင်းကို ဈေးရောင်းသွားလိုက်ပါကွယ်။

သမီး ။    ။  ဟုက်ကဲ့ပါ အမေ ဈေးခြင်း ထဲကို ရောင်းရမယ့် ပစ္စည်းလေးတွေ ထည့်ပေးပါဦး။

အမေ ။   ။  အေးပါကွယ်။ ထည့်ထားပြီးပါပြီ။
ကြန်သွန်နီ ရယ် ၊ စတော်ဘယ်ရီသီး ရယ် ၊ ခရမ်းချဉ်သီး အမှည့်လေးတွေရယ် ၊ သရက်သီး နုနုလေးတွေရယ် ။

သမီး ။   ။ သမီး ဈေးရောင်းသွားပါပြီ။

အမေ ။  ။ အေး အေး သွားပါ ကွယ် ။ သမီး သွားသွား။

သမီး ။   ။ သမီး ဈေးရောင်းပြီးလို့ ပြန်လာပါပြီ အမေ။

အမေ ။   ။ ဈေးရောင်းလို့ ကောင်းလား သမီး။

သမီး ။  ။ သရက်သီး နုနုလေးတွေ ကလွဲ ရင် အားလုံး ရောင်းလို့ ကုန်ပါတယ် အမေ ။

------------   နောက်နေ့   ---------

သမီး ။    ။ အမေရယ်  ဒီနေ့တော့ သရက်သီး နုနုလေးတွေကို ထည့်မပေးပါနဲ့ ။သမီး ရောင်းလို့ မရတဲ့ ပစ္စည်း ကို သယ်ပြီး သွားနေ ရတာ ပင်ပန်းပါတယ် အမေ။

အမေ ။   ။  သမီး ရယ် ရောင်းလို့ မရမှန်းသိပေမယ့် သမီး အဖေက မဖြစ်မနေ သရက်သီး နုနုလေးတွေ ကို ထည့်ပြီး ရောင်းရမယ်လို့ မှာထားတယ် သမီး။

သမီး ။   ။  သရက်သီး နုနုလေးတွေ က ဘာဖြစ်လို့ မရောင်း ရတာလဲ အမေ။

အမေ ။   ။  ချဉ်လို့ ပါကွယ်။ ချဉ်လို့ ချဉ်လို့။
ရွာသူ ရွာသား တွေ အများစု က အစိမ်းရောင်
နဲ့ ချဉ်စုတ် ချဉ်စုတ် ဖြစ်နေတဲ့ သရက်သီး နုနုလေးတွေ ကို မကြိုက်လို့ ပေါ့ကွယ်။

သမီး ။   ။ ဒါဆို ရင် ဘာလို့ ဖေဖေ က ဈေးခြင်းထဲ ကို သရက်သီး နုနုလေးတွေ အမြဲတမ်း ထည့်ဖို့ မှာထား တာလဲ အမေ။

အမေ ။    ။  နောက်နောင် သားစဉ် မြေးဆက်
သူကို အမြဲ တမ်း သတိရ နေအောင်လို့ သမိုင်းရေး ထားတာပါ တဲ့ကွယ် ။


No comments:

Post a Comment