Tuesday, March 29, 2016

အလုပ်သမား။ ။ ၅၈ တော့ ပြီးပြီ။ ၅၉ စ ပြင်လိုက်ရမလား။အလုပ်ရှင် ။ ။ မပြင်နဲ့ ဒီအတိုင်းထားလိုက်။အလုပ်သမား။ ။ ၅၉ မှာ ဝါယာ လျှော့ ဖြစ်နေတယ် ဆရာ။အလုပ်ရှင် ။ ။ ရပါတယ်ကွာ။ ၅၉ ပြင်နေရင် မပြီးတော့ ဘဲနဲ့ ရှေ့ကို ရောက်မှာ မဟုက်တော့ဘူး။အလုပ်သမား။ ။ဒါဆို ဘယ်လိုလုပ် ရမှာလဲ ဆရာ။အလုပ်ရှင် ။ ။ ၅၈ တိုင်ရဲ့ အထွက်ဘက် (၅၉ နဲ့ကြား) ထဲမှာ Disc Insulator (ကြွေသီး ပြား) ထည့်လိုက် ။ ပြီးရင် ၆၀ တိုင်ရဲ့ အဝင်ဘက် (၅၉ နဲ့ကြား) ထဲမှာ Disc Insulator (ကြွေသီး ပြား) ထပ်ပြီးထည့်လိုက် ။ အဲဒါတွေ အကုန်လုံးပြီးရင် ၅၈ နဲ့ ၆၀ ကို ချိတ်လိုက် လေ ။ဒါဆိုရင် ၅၉ က အလကား ဖြစ်သွားပြီ။အလုပ်သမား။ ။ ဟာ ဟုက်ပြီဆရာ။ဟုက်ပြီ။ဒီနည်းကို ဘာနည်းလို့ခေါ်ပါသလဲ ဆရာ။အလုပ်ရှင် ။ ။ လျှပ်စစ်ကို ဖြတ်သန်းစီးဆင်းမှု မရှိအောင် လုပ်ထားတာ ဆိုတော့ *Non Leakage Device* - * ယိုစိမ့်မှု မရှိသော ပစ္စည်း *အင်္ဂလိပ်လို အတိုခေါ်မယ်ဆိုရင်တော့ *NLD* ပေါ့ကွာ။အလုပ်သမား။ ။ မှတ်လို့ ခက်လိုက်တာ ဆရာရယ် ။အလွယ်ခေါ်တဲ့နည်း မရှိဘူး လား ဆရာ။အလုပ်ရှင် ။ ။ ဒါဆိုလည်း *ထင်* သလို *ကျော်* လိုက်တာ ဆိုတော့ သမ္မတကြီး နာမည် နဲ့ တူနေ ပြီ လေကွာ။ ဒီတော့ သမ္မတ နည်း လို့ပဲ မှတ်လိုက်ပေါ့ကွာ။မှတ်ထားနော် သမ္မတ နည်း ကွ။ သမ္မတ နည်း။အလုပ်သမား။ ။ ကျေးဇူးကြီးလှပါတယ် ဆရာ။


<span class="custom-font">
အလုပ်သမား။   ။ ၅၈ တော့ ပြီးပြီ။
၅၉ စ ပြင်လိုက်ရမလား။

အလုပ်ရှင် ။     ။ မပြင်နဲ့ ဒီအတိုင်းထားလိုက်။

အလုပ်သမား။   ။ ၅၉ မှာ ဝါယာ လျှော့ ဖြစ်နေတယ် ဆရာ။

အလုပ်ရှင် ။     ။ ရပါတယ်ကွာ။ ၅၉ ပြင်နေရင် မပြီးတော့ ဘဲနဲ့ ရှေ့ကို ရောက်မှာ မဟုက်တော့ဘူး။

အလုပ်သမား။   ။ဒါဆို ဘယ်လိုလုပ် ရမှာလဲ ဆရာ။

အလုပ်ရှင် ။     ။ ၅၈ တိုင်ရဲ့ အထွက်ဘက် (၅၉ နဲ့ကြား) ထဲမှာ Disc Insulator (ကြွေသီး ပြား) ထည့်လိုက် ။

ပြီးရင်

၆၀ တိုင်ရဲ့ အဝင်ဘက် (၅၉ နဲ့ကြား) ထဲမှာ Disc Insulator (ကြွေသီး ပြား) ထပ်ပြီးထည့်လိုက် ။

အဲဒါတွေ အကုန်လုံးပြီးရင်

၅၈ နဲ့ ၆၀ ကို ချိတ်လိုက် လေ ။
ဒါဆိုရင် ၅၉ က အလကား ဖြစ်သွားပြီ။

အလုပ်သမား။   ။ ဟာ ဟုက်ပြီဆရာ။ဟုက်ပြီ။
ဒီနည်းကို ဘာနည်းလို့ခေါ်ပါသလဲ ဆရာ။

အလုပ်ရှင် ။     ။ လျှပ်စစ်ကို ဖြတ်သန်းစီးဆင်းမှု မရှိအောင် လုပ်ထားတာ ဆိုတော့ 
*Non Leakage Device* -
* ယိုစိမ့်မှု မရှိသော ပစ္စည်း  *
အင်္ဂလိပ်လို အတိုခေါ်မယ်ဆိုရင်တော့ *NLD* ပေါ့ကွာ။

အလုပ်သမား။   ။ မှတ်လို့ ခက်လိုက်တာ ဆရာရယ် ။</span>
အလွယ်ခေါ်တဲ့နည်း မရှိဘူး လား ဆရာ။

အလုပ်ရှင် ။     ။ ဒါဆိုလည်း *ထင်* သလို *ကျော်* လိုက်တာ ဆိုတော့  သမ္မတကြီး နာမည် နဲ့ တူနေ ပြီ လေကွာ။ ဒီတော့  သမ္မတ နည်း လို့ပဲ မှတ်လိုက်ပေါ့ကွာ။

မှတ်ထားနော် 
 
   သမ္မတ နည်း ကွ။ သမ္မတ နည်း။

အလုပ်သမား။   ။ ကျေးဇူးကြီးလှပါတယ် ဆရာ။

No comments:

Post a Comment