အလို ချင်ဆုံးသော အရာများကို စွန့်လွှတ်ပြီးပြီမို့
နောက်ထပ်ဘာကိုမှ ခင်တွယ်နေမှာမဟုက်။
အနီး ချင်ဆုံးသော အရာတွေနဲ့ ဝေးကွာခဲ့ပြီမို့
နောက်ထပ် ဘာကိုမှ တွယ်တာနေမှာ မဟုက်။
အားလုံးဟာ ဘဝ ဇာတ်ခုံ မှာ
မီးရောင်စုံ နဲ့ ကပြနေကြရတာပါ။
အချစ် နဲ့ အမုန်း၊
အရှုံး နဲ့ အနိုင်၊
အနိမ့် နဲ့ အမြင့် ၊
အပိန် နဲ့ အဖေါင်း၊
ချို ၊ ချဉ် ၊ စပ် ၊ ခါး ၊
အားလုံးက ကံကြမ္မာ ရဲ့ လှည့်စားမှု အောက်မှာ ကျေကွဲပြနေရတာပါ။
ဘယ်အရာ မှ မတည်မြဲ မှန်းသိနေပါလျှက်နဲ့
ကံကြမ္မာ စေရာကို လေလွင့်နေရတဲ့ အဖြစ်ကို ဘယ်သူမဆို ရင်ဆိုင်နေရတာပဲလေ။
Post by Soe Linn
14.10.2015,WED
14:15:16
No comments:
Post a Comment